Powered by Blogger.

ပင်လယ်မှာကျနေတဲ့ ပလက်စတစ်အမှိုက်တွေကို Recycle လုပ်ထားတဲ့ ဝတ်စုံတွေကို ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဝတ်ဆင်မည်


• Adidas ဟာ ပလက်စတစ်တွေကို ပြန်လည်ပြုပြင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဘောလုံးထုတ်ကုန်တွေကို ထုတ်ဖော်

• ရီးယဲလ်မက်ဒရစ်ဟာ ဒီဝတ်စုံတွေကို စပို့တင်းဂီဂျွန်နဲ့ပွဲမှာ ဝတ်ဆင်ရန်ရှိ

• ဘိုင်ယန်မြူးနစ်အနေနဲ့လည်း ဟော့ဖန်ဟင်မ် အသင်းနဲ့ပွဲမှာ ဒီဝတ်စုံတွေကို ဝတ်ဆင်မည်

• Adidas x Parley kits လို့ခေါ်တဲ့ Plastic Recycle ဝတ်စုံတွေရဲ့ကြော်ငြာမှာ ဇာဗီအလွန်ဆိုနဲ့ မာဆယ်လိုတို့ပါဝင်ခဲ့

ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းခြင်းကို ဆန့်ကျင်တာကို ပြသတဲ့အနေနဲ့ ပင်လယ်သမုဒ္ဒရာထဲက ပြန်လည်အသုံးချ ပလက်စတစ်အမှိုက် တွေကနေထုတ်လုပ်ထားတဲ့ အားကစားဝတ်စုံတွေကို လာမယ့်နိုဝင်ဘာလထဲမှာ ပြုလုပ်မယ့် ပွဲစဉ်တွေမှာ ဝတ်ဆင်သွားဖို့ ရှိနေပါတယ်။

ကလပ်တွေရဲ့ ဝတ်စုံစပွန်ဆာကုမ္ပဏီ Adidas ဟာ Parley ပလက်စတစ်တွေကနေ ထုတ်လုပ်ထားတဲ့ ပထမဆုံး ဘောလုံးပစ္စည်းတွေကို ပြသခဲ့ပြိး ဒါဟာဆိုရင် မော်လ်ဒိဗ်ကျွန်းရဲ့ ကမ်းခြေနားတစ်ဝိုက်က ပလက်စတစ်တွေကို သန့်ရှင်းရေးလုပ်ရာကနေ စုဆောင်းထားတဲ့ အမှိုက်တွေကို ပြန်လည်အသုံးပြုခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒီဝတ်စုံတွေကို သူတို့ရဲ့ ရိုးရာအဖြူရောင်အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၆ရက်နေ့မှာ ကျင်းပမယ့် စပို့တင်းဂီဂျွန်နဲ့ လာလီဂါပွဲစဉ်မှာ ဝတ်ဆင်မှာဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ်အနေနဲ့လည်း အိမ်ကွင်းဝတ်စုံ All Red Kit အနေနဲ့လည်း ဒီသတင်းပတ်ကုန်အတွင်းမှာ ပြုလုပ်မယ့် ဟော့ဖန်ဟင်မ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ဒီဝတ်စုံတွေကို ဘိုင်ယန်နဲ့ ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ ဇာဘီအလွန်ဆိုနဲ့ မာဆယ်လိုတို့ဟာ ဝတ်ဆင်ပြီးပြသခဲ့တာဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင် (အားကစား)
#sports.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment