Powered by Blogger.

ပေါင် ၁၆၇.၅ သန်း တန်ကြေးရှိတဲ့ စာချုပ်လျော်ကြေးနဲ့ ဆွာရက်ဇ်ကို ဘာစီလိုနာအသင်းသက်တမ်းတိုး




ဘာစီလိုနာအသင်းကတော့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ကို စာချုပ်လျော်ကြေး ပေါင် ၁၆၇.၅ သန်းတန်ကြေးရှိတဲ့ သက်တမ်းတိုးစာချုပ်တစ်ရပ်နဲ့ သက်တမ်းတိုးနိုင်လိုက်တယ်လို့ သိရပါတယ်။ ၂၀၁၄ ဇူလိုင်လတုန်းက လီဗာပူးလ်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒီတိုက်စစ်မှူးဟာ ၉၇ ဂိုးသွင်းယူထားပြီး ဖလားရှစ်လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ သက်တမ်းတိုးစာချုပ်ကြောင့် ၂၀၂၁ ခုနှစ်အထိ ဘာကာမှာ ရှိနေတော့မှာပါ။ အရင်ရာသီက ဂိုးလေးဆယ်သွင်းယူနိုင်ခဲ့ပြီး အသင်းဖော် နေမာ ၊ မက်ဆီတို့နဲ့ ကြောက်စရာ MSN တိုက်စစ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ ဆွာရက်ဇ်ကတော့ ဘာကာမှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူး မက်ဆီကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပြီး မက်ဆီနဲ့ စာချုပ်သစ်အတွက် ညှိနှိုင်းလျက်ရှိနေပါတယ်။ ဆွာရက်ဇ်ကတော့ ငါးနှစ်သက်တမ်းတိုးနိုင်ခဲ့တဲ့နောက်မှာ အသင်းဖော်မက်ဆီကိုလည်း ဘာကာနဲ့ သက်တမ်းတိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာကာမှာ ၁၁၆ ပွဲကစား ၉၇ ဂိုးသွင်းထားပြီး ၅၇ ဂိုးအထိ ဖန်တီးပေးထားနိုင်တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ကစားတုန်းကလည်း ၁၃၃ ပွဲမှာ ၈၂ ဂိုး သွင်း ၊ ၅၂ ဂိုးအထိ ဖန်တီးပေးထားနိုင်တဲ့ ကစးသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

လစာကိုတော့ ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ခြင်းမရှိသေးဘဲ စာချုပ်လျော်ကြေးကတော့ အတော်လေးမြင့်မားလျက်ရှိနေတာကို တွေ့ရပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment