Powered by Blogger.

ဇန်နဝါရီအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တန်းပြောင်းရွှေ့မှုများ


လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေမယ့် ကစားသမားအပြောင်းအရွှေ့ ကိစ္စတွေက စောင့်ကြိုလို့နေပါတယ်။ ခြေစွမ်းကောင်းပေမယ့် အသင်းမှာ နေရာမရတာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်နေတဲ့ ကစားသမားတွေလည်း ရှိနေသလို ကျခြေရောက်လာလို့ လက်ရှိအသင်းကို စွန့်ခွာသွားရမယ့် ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ၂၀၁၇ ဇန်နဝါရီလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တန်းအပြောင်းအရွှေ့တွေကို သုံးသပ်တင်ပြလိုက်ရပါတယ်။



၁. ဂျိမ်းစ်ရိုဒရီဂွက်ဇ်

မက်ဒရစ်ရဲ့ နာမည်ကျော်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ စပိန်မြေကို စွန့်ခွာဖို့အတွက် အသင့်ဖြစ်လို့နေပါပြီ။ ပေါင်သန်း ၆၀ နဲ့ ၂၀၁၄ တုန်းက ဘာနေဗျူးကို ခြေချခဲ့တဲ့ ဂျိမ်းစ်ဟာ လက်ရှိနည်းပြ ဇီဒန်းလက်ထက်မှာ နေရာပျောက်နေတာပါ။ ခြေစွမ်းကတော့ ကမ္ဘာ့အဆင့်ရှိနေသေးပြီး သူ့ကို ကာလရှည် စောင့်ကြည့်နေတဲ့ ဥရောပအသင်းတွေက များပြားလို့ နေပါတယ်။ သတင်းတွေထွက်နေတာကတော့ ဂျိမ်းစ်ဟာ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ဗီဇာပြင်ပြီးဖြစ်ပါတယ်တဲ့။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ မန်ယူ ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ပဲဖြစ်ပါတယ်။ ဒီကစားသမားကတော့ ပေါင် သန်း ၄၀ ကျော်လောက် တန်ကြေးပေါက်နေတုန်းပါပဲ။


၂. ဗန်ဒစ်


ဆောက်သမ်တန်အသင်းရဲ့ နောက်ခံကျောက်ဆောင်ကစားသမား ဗန်းဒစ်ကိုတော့ ပရီးမီးယားလိဂ် အသင်းကြီးတွေက မျက်စိကျနေပါတယ်။ ဗာဂယ်လ်ဗန်ဒစ်ဟာ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး နောက်ခံလူတစ်ယောက်ဆိုတဲ့အတိုင်းပဲ လူကောင်ထွားပြီး ခံစစ်ကို တောင့်တောင့်တင်းတင်းကစားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ပါပဲ။ သူ့ကိုတော့ စိန့်က ပေါင် သန်း ၅၀ သတ်မှတ်ထားပါတယ်။ များနေသလိုပါပဲ။ စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတွေပါ။



၃.ဗာရတ်တီ



အီတလီကွင်းလယ်မှာ လူငယ်ပီပီသွက်လက်တဲ့ကစားဟန်နဲ့ နာမည်ကြီးတဲ့သူတစ်ယောက်ပါ။ လောလောဆယ်မှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ကစားလျက်ရှိပြီး လိုချင်နေတဲ့ အသင်းတွေကလည်း များပြားနေပါတယ်။ ဝုလ်ဖ်ဘတ်ကွင်းလယ်လူ ဒရက်ဇလာကို ပီအက်စ်ဂျီအသင်း ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဗာရတ်တီရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာတာပါ။ ပဲရစ်အသင်းကတော့ ငွေမလိုပေမယ့်လည်း ကစားသမားရဲ့ စေ့ဆော်မှုကြောင့် အပြောင်းအရွှေ့ဖြစ်ဖွယ်ရှိနေပါတယ်။ သူ့ကိုတော့ ချယ်လ်ဆီး ၊ ဘာစီလိုနာ ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပါတယ်။


၎. ဒီမီထရီပါယက်



အမြင့်ပျံခြေစွမ်းနဲ့ ကစားသမားတစ်ယောက်ကတော့ ဝက်စ်ဟမ်းလို သာမန်အသင်းမှာ ကစားသမားဘဝကို ကုန်ဆုံးချင်တဲ့ စိတ်မရှိလောက်ပါဘူး။ ယူရို ၂၀၁၆ အပြီးမှာ သူ့ကို လိုချင်တဲ့ကစားသမားတွေ များပြားခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းက ဆက်ထိန်းထားနိုင်ပါတယ်။ ဥရောပအဆင့်ပွဲတွေကို ကစားချင်တဲ့ ပါယက်ကတော့ ဝက်စ်ဟမ်းရဲ့ လက်ရှိအခြေအနေကို စိတ်ပျက်နေတယ်လို့ သိရပါတယ်။ သူ့ကတော့ မန်ယူနဲ့ အာဆင်နယ်တစ်သင်းသင်းကို ပြောင်းရွှေ့လိုနေတာပါ။



၅. ဒီပိုင်း

ဗန်ဟားလ်လက်ထက်မှာ ဒုတိယ စီရော်နယ်လ်ဒိုဆိုပြီး ရောက်ရှိလာတဲ့ ဒီပိုင်းကတော့ သိပ်မစွံခဲ့ပါဘူး။ အပြင်လောကကို အာရုံများသွားပြီး ကွင်းတွင်းခြေစွမ်းကိုပါထိခိုက်လာခဲ့ပါတယ်။ မော်ရင်ဟိုကတော့ သူ့ကိုခေါက်ထားပြီး ပရီးမီးယားလိဂ်မှာ ဒီ့ထက်ကောင်းဖို့ လိုနေတာ အမှန်ပဲဖြစ်ပါတယ်။ သူ့ကိုတော့ အဲဗာတန်အသင်းနဲ့ ရိုးမားတို့က ခေါ်ယူချင်နေပါတယ်။


၆. ဖယ်လိုင်နီ


မန်ယူကနေ ထွက်ခွာဖွယ်အရှိဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့
ယုံကြည်မှုရှိနေပေမယ့်လည်း မန်ယူပရိသတ်တွေကတော့ လုံးဝ ကြည့်မရတဲ့ ကစားသမားပါ။ အမှားလုပ်တာနဲ့ ဝိုင်းအလှောင်ခံနေရတဲ့ အိုးလ်ထရက်ဖို့်ဒ်မှာ ဘယ်လ်ဂျီယံသားကြီး အရှုံးတွေနဲ့ ကြုံနေရပါတယ်။ အသင်းဟောင်း အဲဗာတန်ကို သူပြန်ရောက်သွားနိုင်ချေမြင့်မားနေပါတယ်။ တရုတ်စူပါလိဂ်ကလည်း သူ့ကို စိတ်ဝင်စားနေပြီး မီလန်မြို့ခံနှစ်သင်းနဲ့ ဝက်စ်ဟမ်း ၊ စတုတ်စတဲ့ အသင်းတွေက သူ့ကို ကြိုက်နေပါတယ်။



၇.ရှနိုက်ဒါလင်



ပရီးမီးယားလိဂ်မှာ ၁၁ မိနစ်သာ ကစားရသေးတဲ့ ရှနိုက်ဒါလင်ကတော့ သေချာပေါက်ထွက်မှာပါ။ ဆောက်သမ်တန်ကစားသမားဟောင်းကိုတော့ အဲဗာတန်နဲ့ ဝက်စ်ဘရွန်းအသင်းတို့က စိတ်ဝင်စားလျက်ရှိနေပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment