Powered by Blogger.

အလိုမရှိတဲ့ ကစားသမားတွေကိုေုရာင်းထုတ်ပြီး ပေါင်သန်း ၁၃၀ အမြတ်ရရှိခဲ့တဲ့ ချယ်လ်ဆီး



ချယ်လ်ဆီးဟာ အသင်းရဲ့ ထုံးစံလိုဖြစ်နေတဲ့ အလိုမရှိ (မလိုအပ်) တော့တဲ့ ကစားသမားတွေကို ဈေးကောင်းကောင်းနဲ့ ထုတ်ရောင်းတဲ့ အမူအကျင့်ဟာ အော်စကာကို တရုတ်စူပါလိဂ်ကလပ်ထံ ပေါင်သန်း ၆၀နဲ့ ရောင်းထုတ်ခဲ့ပြီးနောက်မှာ ထပ်မံခိုင်မာလာခဲ့ပြန်ပါတယ်။

အသက် ၂၅နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ အန်တိုနီယိုကွန်တီရဲ့ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ဒီရာသီချယ်လ်ဆီးအသင်းမှာ ၃၅မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့တာပါ။

ဒါကြောင့် အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးကစားသမားကို ချယ်လ်ဆီးက Shanghai SIPG အသင်းထံ ပေါင်သန်း ၆၀ နဲ့ ထုတ်ရောင်းခဲ့ပြီး ဒါဟာဆိုရင် သမိုင်းမှာ တန်ဖိုးကြီးဆုံး အပြောင်းအရွှေ့ရဲ့ အဆင့် ၇နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေကို ထုတ်ရောင်းရာမှာ အမြတ်ပေါင်သန်း ၁၃၀ကျော်ရှာဖွေနိုင်ခဲ့ပြီး အပြောင်းအရွှေ့တွေကတော့

အော်စကာ (ဝယ်- ၁၉ သန်း၊ ရောင်း- သန်း ၆၀)
ဟွမ်မာတာ (ဝယ်- ၂၃.၅ သန်း၊ ရောင်း- ၃၇.၁ သန်း)
ဒေးဗစ်လူးဝစ်ဇ် (ဝယ်- ၂၁.၃ သန်း၊ ရောင်း- သန်း ၅၀)
ရိုမီယူ လူကာကူ (ဝယ်- ၁၈ သန်း၊ ရောင်း- ၂၈ သန်း)
Papy Djilobodji (ဝယ်- ၄ သန်း၊ ရောင်း- ၈ သန်း)
ရာမီးရက်စ် (ဝယ်- ၁၈ သန်း၊ ရောင်း- ၂၅ သန်း)
အန်ဒရေရှုရာလီ (ဝယ်- ၁၈ သန်း၊ ရောင်း- ၂၂ သန်း)
ကီဗင်ဒီဘရိုင်း (ဝယ်- ၇ သန်း၊ ရောင်း- ၁၈ သန်း)

တို့ပဲ ဖြစ်ပါတယ်။


( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment