Powered by Blogger.

ရီးယဲလ်သို့ပြောင်းနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းကို တုန့်ပြန်မှုမရှိတဲ့ ကော်တိုအာ



ချယ်လ်ဆီးအသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ သီဘောက်ကော်တိုအာဟာ ရီးယဲလ်ဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအပေါ် မှတ်ချက်မပေးပဲ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက Marca ရဲ့ ရေးသားချက်အရ ဘယ်လ်ဂျီယမ်ကစားသမားအနေနဲ့ ချယ်လ်ဆီးအသင်းဖော်တွေကို လာမယ့်ရာသီကုန်မှာ ဆန်တီယေဂိုဘာနေဗျူးကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်လာတာပါ။
မက်ဒရစ်အခြေစိုက် Onda Cero သတင်းကလည်း အသက်၂၄နှစ်အရွယ်ကစားသမားအနေနဲ့ လာမယ့်နွေမှာ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့အတွက် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ကော်တိုအာဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၁၈ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် တစ်စုံတစ်ရာပြောကြားခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သောကြာနေ့တုန်းကတော့ ကော်တိုအာဟာ ချယ်လ်ဆီးအသင်းရဲ့ Hashtag နဲ့ Twitter မှာ Tweet တစ်ခု တင်ခဲ့ပါသေးတယ်။


"ကျွန်တော်စပိန်ကနေ ထွက်ခဲ့တုန်းက ဒီနေရာကို တစ်နေ့နေ့ ပြန်လာဦးမှာပဲလို့ စိတ်ထဲမှာ တွေးခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment