Powered by Blogger.

လစ်ပ်ဇစ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်



ဘွန်ဒက်စ်လီဂါကို တန်းတက်လာပြီးတဲ့နောက်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိနေတဲ့ လစ်ပ်ဇစ်အသင်းနဲ့ လက်ရှိချန်ပီယံဘိုင်ယန်အသင်းတို့ရဲ့ အားပြိုင်မှုကတော့ ပြင်းထန်လှပါတယ်။ ဘိုင်ယန်အသင်းကတော့ သုံးဂိုးစလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့တာပါ။

သီယာဂိုနဲ့ အလွန်ဆို စတဲ့ ဘိုင်ယန်ကွင်းလယ်အင်ဂျင်တွေရဲ့ ဂိုးတွေနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောာင်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လစ်ပ်ဇစ်အသင်းရဲ့ ကစားသမား ဖော့စ်ဘတ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဘိုင်ယန်အသင်းကပဲ ထိန်းချုပ်ကစားသွားနိုင်ခဲ့တာပါ။



လစ်ပ်ဇစ်ဂိုးသမား ဂူလက်စ်ချီရဲ့ ဖျက်ထုတ်မှုကြောင့်ရရှိတဲ့ ပင်နယ်တီကနေတစ်ဆင့် တိုက်စစ်မှူး လီဝန်ဒေါစကီးက တတိယဂိုးကို သွင်းယူပေးခဲ့တာပါ။ လီဝန်ဒေါစကီးအတွက်တော့ ယခုရာသီ ၁၂ ဂိုးမြောက် ဘွန်ဒက်စ်လီဂါသွင်းဂိုးဖြစ်သွားခဲ့ပါတယ်။ လစ်ပ်ဇစ်အသင်းကတော့ ဒီပွဲမှာ ဘိုင်ယန်ကို ယှဉ်မကစားနိုင်ခဲ့ပဲ အတွေ့အကြုံပိုင်းလိုအပ်ချက်က စကားပြောသွားတယ်လို့ ဆိုရမှာပါ။

 ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပါအဝင် နည်းပြ ရယ့်ဖ်ဟက်ဆင်ဟက်လက်ထက်မှာ လစ်ပ်ဇစ်တို့ ၁၅ ပွဲကစားပြီး ၁၁ ပွဲအထိ အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ အိမ်ကွင်းမှာ ကောင်းကောင်းကစားခဲ့ပြီး လစ်ပ်ဇစ်ဖက်ကို တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့တာပါ။ သီယာဂိုကတော့ လီဝန်ဒေါစကီးရဲ့ကန်ချက်တိုင်ထိလာတာကနေ ကောက်စားလုပ်ခဲ့ပြီး အဖွင့်ဂိုးကို အသာအယာသွင်းယူခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ ပွဲချိန် ၂၄ မိနစ်မှာ အလွန်ဆိုက လီဝန်ဒေါစကီးနဲ့ သီယာဂိုတို့ရဲ့ အခင်းအကျင့်ကနေ ကန်သွင်းယူခဲ့ပြီး တတိယဂိုးကိုတော့ လီဝန်ဒေါစကီးက ပင်နယ်တီကနေ တစ်ဆင့်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဘိုင်ယန်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ လစ်ပ်ဇစ်အသင်းကို သုံးမှတ်နောက်ကောက်ချနိုင်ခဲ့ပြီဖြစ်ပြီး ဘွန်ဒက်စ်လီဂါရဲ့ ဆောင်းရာသီကို ဦးဆောင်လျက်ရှိနေပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment