Powered by Blogger.

ပရီးမီးယားလိဂ်မှာ သုံးပွဲအပယ်ခံရမယ့် လက်စတာတိုက်စစ်မှူးဗာဒီ


လက်စတာအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂျေမီဗာဒီကတော့ စတုတ်စီးတီးအသင်းနဲ့ ပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် EPL ပွဲစဉ်သုံးပွဲအထိ အပယ်ခံရတော့မှာဖြစ်ပါတယ်။

 ဗာဒီဟာ Mame Diouf နဲ့ ဘောလုံးယှဉ်လုရင်း အခုလို ပြစ်ဒဏ်ပြုလုပ်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင် ပေါ်ဆင်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဗာဒီဟာ ဒီပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပြီး သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာပါ။

ဗာဒီဟာ ဘောလုံးအရင်ရတဲ့ အနေအထားမှာရှိနေခဲ့ပေမယ့်လည်း အခုလိုပဲ အနီကတ်ကြောင့် ထွက်ခွာခဲ့ရပါတယ်။ FA ကတော့ ဗာဒီဟာ ဘောလုံးယူရာမှာ ကြမ်းတမ်းခဲ့တာကြောင့် အခုလိုပြစ်ဒဏ်ချခဲ့တာလို့ ပြောခဲ့ပြီး ဘောက်ဆင်ဒေးမှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ် ၊ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်နဲ့ မစ်ဒယ်ဘရော့အသင်းပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပြစ်ဒဏ်ဟာ နှစ်သင်းလုံးအတွက် အငြင်းပွားစရာဖြစ်ခဲ့တယ်လို့ လက်စတာနည်းပြ ရာနီရေးရီက ပြောကြားခဲ့ပြီး ဗာဒီဟာ အနီကတ်အပြမခံရခင်မှာ စတုတ်နောက်ခံလူ ဂလင်းဂျွန်ဆင်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတယ်လို့ ပြေကြားသွားခဲ့ပါတယ်။

ဗာဒီဟာ လက်စတာအသင်းရဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာတော့ ပါဝင်ကစားခွင့်ရရှိမှာပါ။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment