Powered by Blogger.

ဗြိတိန်ကို ပြောင်းရွှေ့ကစားဖို့အတွက် ဗီဇာပြင်နေပြီဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်


ရီးရဲလ်ကွင်းလယ်မှာ နေရာပျောက်နေတာ ကြာမြင့်နေပြီဖြစ်တဲ့ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ သူ့ရဲ့ မွေးရပ် ကိုလံဘီယာနိုင်ငံကို ပြန်ပြီး အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့ဖို့အတွက် ဗီဇာပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာနေဗျူးကို စွန့်ခွာဖို့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ယောက် ပြင်ဆင်ထားပြီးဖြစ်ပြီး သူ့အနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့အတွက် အသင်းရှာဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုတော့ ချယ်လ်ဆီး ၊ မန်ယူ ၊ အင်တာ ၊ ပီအက်စ်ဂျီစတဲ့ ထိပ်တန်းအသင်းကြီးတွေက ကမ်းလှမ်းထားပြီး အေစီမီလန်အသင်းကလည်း သူ့ကိုခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂျိမ်းစ်ကတော့ အင်္ဂလန်ဘက်ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေပြီး ကိုလံဘီယာနိုင်ငံ ဘိုဂိုတာက အင်္ဂလန်သံရုံးမှာ ဗီဇာဝင်နေပြီဖြစ်ပါတယ်။

သူ့ရဲ့တန်ကြေးကတော့ အောက်ထစ်ပေါင်သန်း ၄၀ အထိ တန်ကြေးရှိနိုင်ပြီး ရီးရဲလ်အသင်းကတော့ ပေါင်သန်း ၅၀ လောက်အထိရရှိဖို့ မျှော်မှန်းထားပါတယ်။ နည်းပြ ဇီဒန်းလက်ထက်မှာ ပွဲထွက်ခွင့်နည်းပါးလာတဲ့ ကိုလံဘီယာသားဟာ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့တာပါ။ အဓိက ကွင်းလယ်လူတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း လက်ရှိနည်းပြ ဇီဒန်းကတော့ သူ့ကို အရန်စာရင်းသာ သွင်းထားခဲ့တာပါ။

ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ကတော့ သူ့ကို အသင်းကနေမထွက်စေချင်ဘူးလို့ ပြောကြားထားခဲ့ပေမယ့်လည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ယောက်ကတော့ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ရတော့မှာပဲဖြစ်ပါတယ်။

သူ့ကိုဘယ်အင်္ဂလန်ကလပ်တွေက ခေါ်ယူနိုင်တယ်ဆိုတာကတော့ မသိရသေးပါဘူး။

( Mocha )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment