Powered by Blogger.

ဇင်းနစ်ကွင်းလယ်လူ ဝစ်ဆယ်လ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း ပစ်မှတ်ထားနေ


ရုရှားကလပ်ဇင်းနစ်အသင်းက အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အေဇယ်ဝစ်ဆယ်လ်ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းက ကြိုးစားလျက်ရှိနေတယ်လို့ သိရပါတယ်။

 မနှစ်တည်းက သူ့ကို ခေါ်ယူဖို့ ဂျူဗီက ကြိုးစားခဲ့တာဖြစ်ပြီး အသင်းနှစ်သင်းကြား သဘောတူညီမှုမရခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဇင်းနစ်အသင်းမှာ စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတော့တာကြောင့် ဇင်းနစ်အသင်းက ဒီကစားသမားကို ငွေရသလောက်နဲ့ ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်ဥက္ကဌ မာရော့တာကတော့ “သူ့ရဲ့ စာချုပ်က လာမယ့်ဇွန်လမှာ ကုန်ဆုံးတော့မှာပါ။ ဇင်းနစ်အသင်းကနေ ကျွန်တော်တို့ ဇန်နဝါရီလအတွင်းမှာတင် အပြီးသတ်ခေါ်ယူဖို့ ကြိုးစားရတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဇင်းနစ်အသင်းကတော့ ဒီကစားသမားကို ယူရို ခြောက်သန်းနဲ့ ရောင်းချသွားဖွယ်ရှိနေပြီး ဂျူဗီကတော့ လက်ဦးမှုရယူသွားမယ့် ပုံပါပဲ။ ဒါ့ကြောင့် ဝစ်တ်ဆယ်တစ်ယောက် လာမယ့် ဇန်နဝါရီလအတွင်းမှာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိမယ့် ပထမဆုံးကစားသမားတစ်ယောက်ဖြစ်လာဖွယ်ရှိနေပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment