Powered by Blogger.

ဆုတံဆိပ်အရေအတွက် စံချိန်တင်ဆွတ်ခူးခဲ့ပြီး အိမ်ပြန်လာပြီဖြစ်တဲ့ ဂရိတ်ဗြိတိန်အားကစားအဖွဲ့


ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်အရေအတွက်ကို စံချိန်တင်ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးမှတ်တမ်းတစ်ခုနဲ့ အိမ်ကို ပြန်လာနေကြပြီဖြစ်ပါတယ်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ ဒုတိယရရှိခဲ့ပြီး အမေရိကန်ရဲ့နောက် ၊ တရုတ်ကို ကျော်တက်ကာ အခုလိုပဲ ရပ်တည်နိုင်ခဲ့တာပါ။

အားကစားသမားပေါင်း ၃၂၀ နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်း ၆၇ ခုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂရိတ်ဗြိတိန်ရဲ့ အောင်ပွဲကိုတော့ “victoRIOus” လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။



ရေကူး ၊ တင်းနစ် ၊ အပြေး ၊ ဒိုင်ဗင် ၊ လှံတံပစ်စတဲ့အားကစားနည်းတွေမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ ဗြိတိန်အသင်းဟာဆိုရင်တော့ ရွှေ ၂၇ ဆု ၊ ငွေ ၂၃ ဆု နဲ့ ကြေး ၁၇ စုစုပေါင်း ဆုတံဆိပ် ၆၇ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်တုန်းကထက် ဆုတံဆိပ်နှစ်ခု ထပ်တိုး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်အတွက်တော့ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ရာစုနှစ်အကောင်းဆုံးစံချိန်ဖြစ်လာခဲ့ပြီး အောင်ပန်းတွေ ဝေလျက်ရှိနေပါတယ်။


ရီယိုကနေ လန်ဒန်ကို ၁၁ နာရီကျော်ကြာပျံသန်းရတဲ့ Boeing 747 လေယာဉ်ကြီးပေါ်မှာ အောင်ပွဲခံဖို့အတွက် ရှန်ပိန်ပုလင်းပေါင်း ၇၇ ပုလင်းကို အရန်သင့်ထားရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment