Powered by Blogger.

အီဘရာဟီမိုဗစ်ဆီကနေ ဂိုးသွင်းနည်းတွေကို သင်ယူနေတဲ့ ရက်ရှ်ဖို့ဒ် ၊ မာရှယ်လ်နဲ့ လင်ဂတ်


မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် ၊ မာရှယ်လ်နဲ့ လင်ဂတ်တို့ တစ်သိုက်ကတော့ လေ့ကျင့်ရေးကွင်းမှာ ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဆီကနေ ဂိုးကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေကို သင်ယူနေကြတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားဟာဆိုရင်တော့ မန်ယူအသင်းရဲ့ လက်ရှိတိုက်စစ်စုဖွဲ့မှုမှာ အဓိက ဂိုးတွေကို သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေလျက်ရှိပါတယ်။

အီဘရာဟီမိုဗစ်ဟာဆိုရင်တော့ ဂိုးတွေကို သေသေသပ်သပ်နဲ့ တိတိကျကျသွင်းယူပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တာကြောင့် သူ့ဆီက ဂိုးသွင်းနည်းစနစ်နဲ့ ပညာတွေကို မန်ယူလူငယ်တွေက အတုယူသင်ကြားနေရတာဖြစ်ပါတယ်။

လင်ဂတ်ကတော့ ဒဏ်ရာ ပြဿနာရှိနေသေးပြီး ၊ ရက်ရှ်ဖို့ဒ်ကိုတော့ နည်းပြမော်ရင်ဟိုက အရန်စာရင်းထဲတောင် ထည့်ထားခြင်းမရှိသေးပါဘူး။ မာရှယ်လ်ကတော့ အားသန်တဲ့ ဘယ်တောင်ပံကနေတစ်ဆင့် ဂိုးတွေသွင်းယူပြနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ လက်ရှိပရီးမီးယားလိဂ်မှာ နှစ်ပွဲကစား ခြောက်မှတ်အပြည့်ရရှိထားပြီး မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာရပ်တည်လျက်ရှိနေပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ် ၊ မာရှယ်လ်နဲ့ လင်ဂတ်တို့ကတော့ လာမယ့် ဟားလ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့အတွက် အသင့်ဖြစ်နေပြီး စိတ်ဓာတ်တက်ကြွနေကြတယ်လို့ သိရပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment