Powered by Blogger.

လဲကျသွားတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ကူညီခဲ့တဲ့ အိုလံပစ်အပြေးမယ်နှစ်ဦး





 
လက်ရှိ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နေကြတဲ့ အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ ပြိုင်ဆိုင်လျက်ရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်လင့်ကစား တစ်ယောက်လဲကျသွားချိန်မှာ တစ်ယောက်က ကူညီဖေးမပေးခဲ့တာပဲဖြစ်ပါတယ်။


အမေရိကန် အပြေးမယ် Abbey D’Agnostino နဲ့ နယူးဇီလန်အပြေးမယ် Nikki Hamblin တို့ဟာ မနေ့ကကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတုန်း မီတာ ၃၀၀၀ အရောက်မှာ D’Agnostino ဟာ လဲကျသွားခဲ့တဲ့ Hamblin ရဲ့ ခြေထောက်နဲ့ခိုက်မိပြီး နှစ်ဦးလုံးလဲကျသွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အံ့အားသင့်ဖွယ်ရာ အခိုက်အတန့်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့လိုလဲကျသွားချိန်မှာ အသက် ၂၄နှစ်အရွယ် D’Agnostino ဟာ ဆက်မပြေးပဲ အရင်ဆုံး လဲကျသွားခဲ့တဲ့ Hamblin ကိုကူညီဖေးမပြီး ထူပေးခဲ့တာပါပဲ။


အဲ့ဒီနောက်ဆက်လက်ယှဉ်ပြိုင်နေစဉ်မှာ D’Agnostino ကိုယ်တိုင်လည်း ဒဏ်ရာရရှိသွားလို့ မြေပြင်ပေါ်လဲကျသွားချိန်မှာ အရှေ့ရောက်နေတဲ့ Hamblin ဟာ ဆက်လက်မပြေးတော့ပဲ လဲကျသွားခဲ့တဲ့ D’Agnostino ကို ဆက်လက်ယှဉ်ပြိုင်ဖို့ ပြောကြားခဲ့ပါတယ်။ D’Agnostino ကသူ့ကိုမကူညီပဲ ဆက်ပြေးဖို့ ပြောပေမယ့် မပြေးသေးပဲ Hamblin ဟာ D’Agnostino ကို ကူညီဖေးမပြီး ပြန်လည် ထူပေးခဲ့တာပါ။


အဲ့ဒီနောက် နှစ်ယောက်လုံးဟာ ပန်းဝင်သွားချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး Hamblin က D’Agnostino ကို ဝှီးချဲပေါ်ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ဒီအဖြစ်ကို ကြည့်နေတဲ့ ပရိတ်သတ်တွေရော၊ အပြင်ကပရိတ်သတ်တွေကပါ သောင်းသောင်းဖျဖျအားပေးခဲ့ကြပါတယ်။ အွန်လိုင်းပေါ်မှာလည်း နှစ်ယောက်လုံးကို ချီးမွန်းစကားတွေ ဆိုခဲ့ကြတာပါ။


အမေရိကန်အပြေးမယ် D’Agnostino ဟာဆိုရင်တော့ ဒီနေ့ပွဲမှာ ပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။



( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Daily Mail




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment