Powered by Blogger.

အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိနိုင်ဖို့အတွက် နောက်ဆုံးပန်းဝင်ချိန်မှာ စည်းပေါ်ကိုလှဲချလိုက်တဲ့ အပြေးမယ်


ရီယိုမြို့မှာ ကျင်းပလျက်ရှိနေတဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကတော့ အံ့သြစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ အာမေးနီးယားအလေးမကစားသမားတစ်ယောက်ကတော့ လေးလွန်းတဲ့ ဝိတ်တုံးတွေကို မ,လိုက်စဉ်မှာ တံတောင်ဆစ် အဆစ်ပြုတ်ထွက်သွားတာမျိုးတွေဖြစ်ပျက်ခဲ့သလိုပဲ ထူးဆန်းတဲ့ အကြောင်းအရာအစုံဖြစ်ပျက်ခဲ့ပါတယ်။



အခုကတော့ လူဦးရေ သုံးသိန်းလောက်သာ နေထိုင်တဲ့ ဘဟားမားကျွန်းနိုင်ငံစုက အပြေးမယ် မီလာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အပြေးမယ်ဟာဆိုရင်တော့ မီတာ ၄၀၀ ပြေးပွဲမှာ အမေရိကန်နိုင်ငံက နာမည်ကျော် အလိုင်ဆန်ဖဲလစ်ဇ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အမေရိကန် အပြေးမယ် ဖဲလစ်ဇ်ဟာ ဘေဂျင်းအိုလံပစ်မှာတုန်းကလည်း အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးထားနိုင်တဲ့ အပြေးမယ်တစ်ယောက်ဖြစ်ပါတယ်။


ဂျမေကာအပြေးမယ် ၊ ဘဟားမားအပြေးမယ်နဲ့ အမေရိကန် အပြေးမယ်တို့ဟာ သက်ဆိုင်ရာနိုင်ငံတွေအတွက် အကောင်းဆုံးယှဉ်ပြိုင်ခဲ့ကြပါတယ်။ နောက်ဆုံးပန်းဝင်ခါနီးမှာတော့ ဘဟားမားအပြေးမယ် မီလာဟာ ဘယ်သူမှထင်မထားတဲ့ လုပ်ရပ်ကို လုပ်ပြခဲ့ပါတယ်။ ဖဲလစ်ဇ်နဲ့ အပြိုင်ပြေးနေတဲ့အနေအထားကနေ ပန်းဝင်ခါနီးမှာ စည်းပေါ်ကို ဒိုင်ဗင်ထိုးပြီး လှဲချလိုက်တာဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ပုံမှာပြထားတဲ့အမတိုင်း လက်မတင်လေး ဖဲလစ်ဇ်ထက်သာလွန်သွားပြီး ရွှေတံဆိပ်ဆုကို အမိမြေဂုဏ်ဆောင်ပြီး ရယူသွားနိုင်ခဲ့တာပါ။ အချိန်နဲ့တိုင်းတာမယ်ဆိုရင်တော့ 0.07 စက္ကန့်အသာနဲ့ ဖဲလစ်ဇ်ကို ကျော်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လုပ်ရပ်တွေဟာ အပြေးအားကစားမှာ တရားဝင်ဖြစ်တဲ့အတွက်ကြောင့် ခွင့်ပြုပြီးသားဖြစ်ပါတယ်။



ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဂျမေကာအပြေးမယ် ရှာရစ်ကာဂျက်ဆင်နဲ့ အမေရိကန်အပြေးမယ် ဖဲလစ်ဇ်တို့ကလည်း သူမကို ပွေ့ထူပြီး အားပေးဂုဏ်ပြုခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာဆိုရင်တော့ အပြေးကစားသမားတွေအတွက် အရမ်း အန္တရာယ်များလွန်းပြီး အခန့်မသင့်ရင် အရွတ်တွေစုတ်ပြဲပြီး ကစားသမားဘဝအဆုံးသတ်သွားနိုင်ပါတယ်။


ဒါပေမယ့်လည်း မီလာတစ်ယောက်တော့ အမိမြေကို ဂုဏ်ဆောင်ချင်တဲ့စိတ်နဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ သူ့ဘဝနဲ့ နိုင်ငံအတွက် အမှတ်ရစရာဖြစ်နေတော့မှာဖြစ်ပြီး ၂၀၁၆ ရီယိုအိုလံပစ်အတွက်လည်း အမှတ်တရဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်နေတော့မှာပါ။



( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref :
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment