Powered by Blogger.

ပေါ့ဂ်ဘာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ မန်ယူအပြီးသတ်ခေါ်ယူ


မန်ယူအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းထံကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ တရားဝင် ပြန်လည်ခေါ်ယူနိုင်လိုက်ပြီဖြစ်ပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ခုနှစ်တုန်းက ပေါင်ရှစ်သိန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ယောက်ဖြစ်လာခဲ့တာပါ။ ဒါ့ကြောင့် မန်ယူအသင်းက ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး အေးဂျင့်ကြေး ၊ လုပ်ခအားလုံးကိုပါ ထည့်သွင်းပေါင်းထည့်မယ်ဆိုရင် ပေါင် ၂၁၆ သန်း အထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။



အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ကျောနံပါတ် ၆ ကို ဝတ်ဆင်သွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ရရှိသွားမှာဖြစ်ပါတယ်။ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိမယ့် ကစားသမားတစ်ယောက်ဖြစ်လာတော့မှာပါ။ ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက်တော့ ဂျူဗင်တပ်စ်နဲ့ မန်ယူကြားမှာ လနဲ့ချီ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အေးဂျင့်ဖြစ်သူ ရေးအိုလာရဲ့ကောင်းမှုကြောင့်လည်း အခုလိုမျိုး အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့တာပါ။

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပေါ့ဂ်ဘာကတော့ ပရီးမီးယားလိဂ်မှာ ပြန်ပြီး အောင်မြေနင်းသွားအုံးမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပဲဖြစ်ပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment