Powered by Blogger.

အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို မန်စီးတီးခေါ်ယူရန်စိတ်ဝင်စားနေ


 မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းကတော့ ရောင်းချဖို့ မဟုတ်ကြောင်း ပြန်လည်ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။

 မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာအနေနဲ့ အသက်၂၁နှစ်အရွယ် စပိန်လက်ရွေးစင်နောက်ခံလူကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သေးတာလည်း ဖြစ်ပါတယ်။

စီးတီးအနေနဲ့ အသင်းကနောက်ခံလူတွေဖြစ်တဲ့ ဇာဘလက်တာကို အင်တာမီလန်နဲ့ ရိုးမားကစိတ်ဝင်စားနေပြီး ကိုလာရော့ဗ်ကလည်း တူရကီကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့တဲ့အပြင် ကလစ်ချီနဲ့ ဆက်ဂ်နာတို့ကလည်း အသက် ၃၀ထဲကို ရောက်ရှိလာတာကြောင့် နောက်ခံလူကောင်းတစ်ယောက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

ဘယ်လာရင်ကို မန်စီးတီးအသင်းကတင်သာမက အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာကလည်း ကာလရှည်စိတ်ဝင်စားနေခဲ့တာပါ။ ဘာစီလိုနာအနေနဲ့ ဘယ်လာရင်ကို ကမ်းလှမ်းချက်တွေပြုလုပ်ထားခဲ့ပြီး Gunner တွေကတော့ ရောင်းချဖို့မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

 အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီကပဲ စပိန်ကစားသမားနဲ့အတူ နှစ်ရှည်စာချုပ် ထပ်မံချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့လို့ ဒီနွေရာသီမှသာ ပြိုင်ဘက်တွေက ခေါ်ယူနိုင်ဖို့ဖြစ်လာခဲ့တာပါ။
ဘယ်လာရင်ရဲ့အေးဂျင့်ဖြစ်သူ Albert Botines ဟာ မန်စီးတီကို လူငယ်ကစားသမားတွေဖြစ်တဲ့ Erik Sarmiento နဲ့ Paolo Fernandes တို့နဲ့လည်း အသီးသီးမိတ်ဆက်ပေးခဲ့ပါတယ်။

( Beauty Syh )




#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment