Powered by Blogger.

မန်စီးတီးအသင်းကို ပေါင်၄၂ သန်းနဲ့ ရောက်ရှိသွားဖွယ်ရှိတဲ့ လီရွိုင်းဆာနေ


ရှော်ကေးအသင်းရဲ့ ကြယ်ပွင့်လူငယ်ကစားသမားဖြစ်တဲ့ ဆာနေကတော့ မကြာခင်မှာ အသင်းပြောင်းရွှေ့သွားတော့မှာဖြစ်ပြီး သူ့အနေနဲ့ မန်စီးတီးအသင်းကို ရောက်ရှိသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆာနေကိုတော့ မန်စီးတီးအသင်းက ပေါင် ၄၂ သန်းနဲ့ အပြီးသတ် စာချုပ်ချုပ်နိုင်ဖို့ ကြိုးစားလျက်ရှိနေတာပါ။

အသက် ၂၀ အရွယ်ကစားသမားဟာဆိုရင်တော့ ၂၀၁၃ ခုနှစ်တည်းက မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက်ရှိနေတယ်လို့ သိရပါတယ်။ 
ဆာနေဟာ လောလောဆယ်မှာတော့ ဘိုင်ယန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း လက်ခံရရှိထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ဒီကစားသမားကို စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ပြောကြားခဲ့တာကြောင့် သူ့အနေနဲ့ ဘွန်ဒက်စ်လီဂါထိပ်သီးဆီမှာ ကစားဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ ဆာနေကိုတော့ မန်စီးတီးအသင်းကသာ လောလောဆယ်မှာ နီးနီးကပ်ကပ်ကမ်းလှမ်းလျက်ရှိနေပြီး ရှော်ကေးအသင်းကနေ ထွက်ခွာဖို့တော့ သေချာသွားပြီလို့ ရှော်ကေးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာက ဝန်ခံခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရက်ပိုင်းအတွင်းကပဲ အာဂျင်တီးနားလူငယ်ဂိုးသမား ရူလီကို ပေါင်လေးသန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဆိုစီဒက်အသင်းဆီကို တစ်နှစ်စာချုပ်နဲ့ ပြန်လည် အငှားချလိုက်တယ်လို့ သိရပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment