Powered by Blogger.

ဒေါ့မွန်အသင်းကို ပြန်လည်ရောက်ရှိသွားဖွယ်ရှိနေတဲ့ ဂေါ့ဇီ



ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာပျောက်ဆုံးလျက်ရှိနေတဲ့ မာရီယိုဂေါ့ဇီကတော့ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့ ပြန်လည်ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဘွန်ဒက်စ်လီဂါဘောလုံးလောကမှာ ထင်ရှားလာတဲ့ ဂေါ့ဇီဟာ ဒေါ့မွန်အသင်းကို ၂၀၁၃ ခုနှစ်မှာ စွန့်ခွာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

ဒါပေမယ့်လည်း ဂေါ့ဇီဟာ ဘာဗေးရီးယန်းဒေသမှာ ခြေစွမ်းပြသခွင့်တွေ ပျောက်ဆုံးနေခဲ့ပြီး ပွဲထွက်ခွင့်တစ်နေရာတောင် အနိုင်နိုင်ရုန်းကန်နေခဲ့ရတာပါ။ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂေါ့ဇီဟာ ဂျာမနီအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဂျာမန်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပါသေးတယ်။

ရှေ့တန်းတိုက်စစ်မှူးအဖြစ်ရော ၊ ကွင်းလယ်တိုက်စစ်အဖြစ်ပါ ကောင်းကောင်းကစားနိုင်တဲ့ ဂေါ့ဇီကိုတော့ ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာက နေမာကို ခေါ်ယူချင်ခဲ့ပြီး မဖြစ်နိုင်ခဲ့တာကြောင့် ဂေါ့ဇီကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ဂေါ့ဇီဟာ ၁၁၄ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့်လည်း ပွဲအများစုဟာ လူစားဝင်ကစားရတဲ့ပွဲတွေဖြစ်နေတာကြောင့် ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ ၁၁၆ ပွဲထက် မိနစ်ထောင်ပေါင်းများစွာလျော့နည်းလျက်ရှိနေတာဖြစ်ပါတယ်။

ဘိုင်ယန်မှာ ၃၆ ဂိုးသွင်းယူခဲ့တဲ့ ဂေါ့ဇီဟာဆိုရင်တော့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုတွေကို ခံနေရပေမယ့်လည်း ဂျာမန်မြေကို မစွန့်ခွာလိုတာကြောင့် ဒေါ့မွန်အသင်းကိုသာ ပြန်လည်ပြောင်းရွှေ့လိုနေတာဖြစ်တယ်လို့ သိရပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment