Powered by Blogger.

ယူရိုအောင်ပွဲခံအထိမ်းအမှတ်အနေနဲ့ ပေါင် ၁.၇ သန်းတန် ပြိုင်ကားဝယ်ယူခဲ့တဲ့ ရော်နယ်ဒို




ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလားကို ရယူနိုင်ခဲ့အပြီးမှာ ပေါင် ၁.၇ သန်းတန် Bugatti Veyron ကားတစ်စီးကို ဝယ်ယူခဲ့ပါတယ်။

သူ့အနေနဲ့ ယူရိုအောင်ပွဲကို ဖြည့်စွက်လိုက်တဲ့အနေနဲ့ အခုလိုမျိုး ဝယ်ယူခဲ့တာဖြစ်ပြီး သူ့မှာတော့ ပြိုင်ကားတပ်စုကြီးတစ်စုကို ပိုင်ဆိုင်ထားပြီးလည်းဖြစ်ပါတယ်။


Veyron 16.4 Grand Sport ကားဖြစ်ပြီး ပေါင် ၁.၇ သန်းတန်ကြေးရှိတဲ့ ဒီကားကတော့ ၂.၆ စက္ကန့်အတွင်းမှာ ၀ မိုင်ကနေ ၆၂ မိုင်အထိ အရှိန်တင်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

တစ်နာရီကို ၂၅၅ မိုင်အထိ အရှိန်တင်မောင်းနှင်နိုင်ပြီး ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

မေဝယ်သာနဲ့ ဘောလုံးသမားဟောင်း ရောဘတ်တိုကားလို့စ်တိြု့ပီးရင်တော့ ရော်နယ်ဒိုဟာ Buggati ရဲ့ ပြိုင်ကားတွေကို ဝယ်ယူတတ်သူအဖြစ်ကျော်ကြားပါတယ်။ ရော်နယ်ဒိုကတော့ ဒီကားကို “အကောင်ကြီး” လို့ အမည်ပေးထားတယ်လို့လည်း သိရပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment