Powered by Blogger.

လီဗာပူးလ်အသင်းရဲ့ကစားသမား ဂျော်ဒန်အိုက်ဘ်ကို ဘုန်းမောက်အသင်းက အပြီးသတ်ခေါ်ယူ


ဘုန်းမောက်အသင်းကတော့ လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်ရည်မြင့် လူငယ်တောင်ပံကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျော်ဒန်အိုက်ဘ်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီကစားသမားကတော့ ဘုန်းမောက်အသင်းနဲ့လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းအတွက်တော့ ဒီပြောင်းရွှေ့ကြေးဟာ အသင်းသမိုင်းတစ်လျှောက်အများဆုံး ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အိုက်ဘ်ကတော့ ဘုန်းမောက်အသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ပြီဖြစ်တယ်လို့လည်း သိရပြီး ဒီကစားသမားကတော့ မကြာခင်မှာ အသင်းသားသစ်တွေနဲ့အတူ အမေရိကန်နိုင်ငံမှာ ရာသီကြို လေ့ကျင့်ရေးတွေကို ပြုလုပ်ရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို ၁၆ နှစ်သားအရွယ်က ရောက်ရှိခဲ့တဲ့ အိုက်ဘ်ကတော့ ၂၀၁၁ ခုနှစ်တုန်းက အန်ဖီးလ်ကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းကြီးမှာတော့ အရန်စာရင်းလောက်သာ စာရင်းဝင်နေတာကြောင့် ပွဲထွက်ခွင့်အာမခံချက်ပေးနိုင်မယ့် အသင်းကို ပြောင်းရွှေ့လိုက်တာလည်းဖြစ်ပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment