Powered by Blogger.

ဘာစီလိုနာအသင်းက လိုင်ယွန်နောက်ခံလူ အမ်တစ်တီကို အပြီးသတ်ခေါ်ယူ



လောလောဆယ်မှာတော့ ဘာကာက လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူအားဖြည့်နေတာကို တွေ့ရပါတယ်။

ပြင်သစ်နောက်ခံလူ ဒစ်ဂနီနဲ့ ကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်တို့ကို ခေါ်ယူခဲ့အပြီးမှာ ဘာစီလိုနာက ပေါင် ၂၁ သန်းနဲ့ လိုင်ယွန်နောက်ခံလူ အမ်တစ်တီကို အပြီးသတ်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဘာစီလိုနာကတော့ ဒီလူငယ်ကစားသမားသုံးယောက်အတွက် ပေါင် ၃၇ သန်းအထိ အသုံးပြုလိုက်တာဖြစ်ပေမယ့်လည်း နောက်ထပ် ကစားသမားတွေကို ခေါ်ယူသွားမယ့် အခြေအနေမှာရှိနေပါသေးတယ်။

အမ်တစ်တီကတော့ ဘာစီလိုနာရဲ့ သက်ကြီးနောက်တန်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ခုဖြစ်လာနိုင်ပြီး ကျောနံပါတ် ၂၂ ကိုပဲ ဘာစီလိုနာမှာလည်း ဝတ်ဆင်သွားဖွယ်ရှိနေပါတယ်။

ဘာစီလိုနာမှာဆိုရင်တော့ ထွက်ခွာသွားတဲ့ ဒန်နီအဲလ်ဗတ်စ်ရဲ့ ကျောနံပါတ်လည်း ဖြစ်ပါတယ်။ 
ဒီကစားသမားကတော့ ပြင်သစ်ကနေ စပိန်မြေကို အတွေ့အကြုံသစ်တွေရှာဖို့အတွက် ပြောင်းရွှေ့ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူ လာမယ့်ရာသီမှာ စောင့်ကြည့်ရတော့မယ်ကစားသမားဖြစ်ပါတယ်။

ဘာကာနဲ့အတူ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေးကတော့ ပေါင် သန်း ၅၀ အထိ တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment