Powered by Blogger.

ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့အတွက် နည်းပြ ကွန်တီ လန်ဒန်မြို့သို့ရောက်ရှိ



ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာတော့မယ့် ကွန်တီဟာ ယခုအခါမှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့အတွက် ချယ်လ်ဆီးအသင်းတည်ရှိရာ လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၆နှစ်အရွယ် အီတလီသားအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကော့ဘ်ဟန်းကွင်းရှိရာကို အနက်ရောင်ကားကြီးနဲ့ ရောက်ရှိလာခဲ့တာပါ။

ကွန်တီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဂျာမနီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စိန်ခေါ်မှုတွေကို ထပ်မံရင်ဆိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာပါ။


ပြီးခဲ့တဲ့ရာသီက စပယ်ရှယ်ဝမ်းနည်းပြ ဟိုဆေးမော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရတာပါ။ အသင်းဆရာဝန်ဖြစ်သူ အီဗာကာနိုင်းရိုးနဲ့ ပြသနာတွေဖြစ်ပြီး တန်းဆင်းဇုန်နားအထိ ဆင်းသွားခဲ့ချိန်မှာ မော်ရင်ဟိုထုတ်ပယ်ခံရပြီး ယာယီနည်းပြအဖြစ် ဂူဟစ်ဒင့်က တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးဟာ ဖြစ်ရပ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ဂျူဗင်တပ်စ်မှာအောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ နည်းပြကို ခေါ်ယူခန့်အပ်ခဲ့တာပါ။ ကွန်တီဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်း အတွက် ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ဘက်ရှုအာယီကိုခေါ်ယူထားပြီး ပြင်သစ်အသင်းနဲ့ လက်စတာကွင်းလယ်လူ ကန်တေကိုလည်းခေါ်ယူဖို့နီးစပ်လျက်ရှိတယ်လို့ သိရပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment