Powered by Blogger.

ဝက်စ်ဟမ်းအသင်းက မန်ယူလူငယ်ကစားသမား အက်ရှ်လေဖလက်ချာကို ခေါ်ယူ


ဝက်စ်ဟမ်းအသင်းကတော့ မန်ယူအသင်းရဲ့ လူငယ်ကစားသမား အက်ရှ်လေဖလက်ချာကို ပေါင်ခုနစ်သိန်းဝန်းကျင်နဲ့ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

အင်္ဂလန် ယူ-၂၀ အသင်းလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ဘန်စလေအသင်းကို အငှားသွားရောက်ကစားခဲ့ပြီး ဝက်စ်ဟမ်းအသင်းကတော့ သူ့ရဲ့ ခြေစွမ်းကို သတိထားမိတာကြောင့် အခုလိုပဲ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဖလက်ချာကတော့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ နဲ့ ဝက်စ်ဟမ်းအသင်းမှာ ကစားဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဖော်ပြထားပြီး လေးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘန်စလေအသင်းရဲ့ လိဂ်တန်းတက်ခွင့်ကို သူ့ရဲ့အနိုင်ဂိုးနဲ့ရယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူအသင်းကို ပြန်လာခဲ့ပေမယ့်လည်း မော်ရင်ဟိုက သူ့ကို ပွဲထွက်ခွင့်အာမခံချက်မပေးနိုင်ခဲ့တာကြောင့် အခုလိုပဲ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်း လူငယ်ကစားသမားတစ်ယောက်ကို လက်လွတ်လိုက်ရတာကတော့ နစ်နာစရာတွေရှိလာနိုင်တယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment