Powered by Blogger.

အယ်လ်ခမာတိုက်စစ်မှူး ဗင်းဆင့်ယန်ဆန်ကိုခေါ်ယူနိုင်ခဲ့တဲ့ စပါး


 အင်္ဂလန်ကလပ် စပါးအသင်းဟာ အေဇက် အယ်လ်ခမာတိုက်စစ်မှူး ဗင်းဆင့်ယန်ဆန်ကို ပေါင် ၁၈.၅သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လန်ဒန်ကလပ်အသင်းနဲ့အတူ တနင်္လာနေ့ညတုန်းက ဆေးစစ်ခဲ့ပြီး အင်္ဂါနေ့မနက်မှာ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာပါ။

စပါးဟာ ပေါင် ၁၆.၈သန်းကိုဦးဆုံးပေးရမှာဖြစ်ပြီး အပိုကြေးငွေ ၁.၇သန်းကို လိုအပ်ချက်တွေ ပြည့်မှီရင် ထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။ ယန်ဆန်အနေနဲ့ စပါးအသင်းနဲ့အတူ လေးနှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်ကစားသမားတစ်ဦးဖြစ်တဲ့ ယန်ဆန်ဟာ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့အတူ နေရာပြိုင်လုရဖွယ်ရှိနေတာဖြစ်ပါတယ်။

ယန်ဆန်ဟာ ဆောက်သမ်တန်က ဗစ်တာဝမ်ယာမာကို ခေါ်ယူပြီးတဲ့နောက် နွေအပြောင်းအရွှေ့မှာ ပိုချက်တီနိုခေါ်ယူတဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီလိုသဘောတူညီမှုရရှိခဲ့တာဟာ အေဇက်အသင်းအတွက် ပြောင်းရွှေ့ကြေးအများပြားဆုံးရရှိတဲ့ ကစားသမားအဖြစ် ၂၀၁၃ခုနှစ်က ဆန်းဒါးလန်းကိုရောင်းချခဲ့တဲ့ Jozy Altidore ကိုကျော်ဖြတ်ပြီး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Daily Mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment