Powered by Blogger.

ခရစ္စတယ်ပဲလေ့စ်အသင်းက ဘန်တီကီကို ပေါင် ၃၁ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာ



ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူး ဘန်တီကီကို ခေါ်ယူဖို့အတွက် ပေါင် ၃၁ သန်းအထိ ဘတ်ဂျက်ကို တိုးမြှင့်ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။

အလန်ပါဂျူးကတော့ သူ့အသင်းအတွက် လိုအပ်နေတဲ့ အပိုင်းဟာ တိုက်စစ်ပိုင်းသာဖြစ်တယ်လို့ ယုံကြည်နေပြီး ငွေကြေးများများအသုံးပြုပြီး တိုက်စစ်မှူးကောင်းတစ်ယောက်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးကိုတော့ အရင်အပတ်အတွင်းက ပဲလေ့စ်အသင်းဟာ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး လီဗာပူးလ်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဘန်တီကီကတော့ အရင်ရာသီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းကနေ ပေါင် ၃၂.၅ သန်းနဲ့ အန်ဖီလ်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ၄၂ ပွဲကစားပြီး ၁၀ ဂိုးသာသွင်းယူထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားကိုတော့ ဝက်စ်ဟမ်းအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပြီး ၊ သူတို့အနေနဲ့ ဘတ်ရှူအာယီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကစားသမားက ချယ်လ်ဆီးအသင်းကိုသာရွေးချယ်ခဲ့တာကြောင့် ဘန်တီကီဘက်ကို အခုလို မြှားဦးလှည့်လာတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ နယူးကာဆယ်ကွင်းလယ်လူ အန်းဒရို့စ်တောင်ဆန်ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ အခုလိုမျိုး ဘန်တီကီကို ထပ်မံပစ်မှတ်ထားလာခဲ့တာပါ။


 Credit to https://www.facebook.com/footballgurumyanmar
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment