Powered by Blogger.

ရွန်းနီကို တိုက်စစ်နေရမှာပဲ ထားကစားသွားမယ်ဆိုတဲ့ မော်ရင်ဟို



မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုကတော့ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်းနီကို တိုက်စစ်နေရာမှာပဲ ထားကစားသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်နဲ့ တစ်ဦးချင်ဆွေးနွေးခဲ့အပြီးမှာတော့ မန်ယူအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်ဟာ လေးယောက်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

မော်ရင်ဟိုဟာ လောလောဆယ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ၊ ကွင်းလယ်လူ အမ်ခီတာရန်နဲ့ နောက်ခံလူအနေနဲ့တော့ ဘေလီတို့ကို ခေါ်ယူထားပြီး နောက်ထပ်ပစ်မှတ်အနေနဲ့ ပြင်သစ်ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ မာတွီဒီတို့ကို ခေါ်ယူဖို့လျာထားလျက်ရှိတယ်လို့ သိရပါတယ်။


ရွန်းနီကတော့ နည်းပြမော်ရင်ဟိုနဲ့ တိုက်စစ်နေရာကို ပြောင်းလဲကစားဖို့အတွက် အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပြီး ဒီကစားသမားကတော့ နည်းပြဟောင်း ဗန်ဟားလ်နဲ့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့လက်အောက်မှာ ကွင်းလယ်လူတစ်ယောက်အနေနဲ့ အသွင်ပြောင်းကစားနေခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ နောက်ရာသီအတွက် မန်ယူတိုက်စစ်ကို အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ် ၊ အသက် ၁၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်တို့နဲ့အတူ ရွန်းနီကိုလည်း ထည့်သွင်း အသက်သွင်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Credit to https://www.facebook.com/footballgurumyanmar/
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment