Powered by Blogger.

အသင်းစံချိန်တင်လစာနဲ့ သက်တမ်းတိုးတော့မယ့် စပါးတိုက်စစ်မှူး ဟာရီကိန်း


စပါးအသင်းရဲ့ ခြေစွမ်းကောင်းတိုက်စစ်မှူး ဟာရီကိန်း (Harry Kane) ကတော့ အသင်းနဲ့အတူ ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် အသင့်ဖြစ်နေပြီး စပါးအသင်းမှာ လစာအများဆုံးရတဲ့ ကစားသမားတစ်ယောက်ဖြစ်လာတော့မှာပါ။ ကိန်းဟာ အရင်နှစ် ပရီးမီးယားလိဂ်မှာ ၂၅ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အရင်နှစ်မှာ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားကိုတော့ စပါးအသင်းက မရောင်းချဘဲ စာချုပ်သက်တမ်းတိုးဖို့သာ စဉ်းစားခဲ့ပြီး မတ်လတည်းက ဟာရီကိန်းရဲ့ အေးဂျင့်ဖြစ်သူနဲ့အတူ သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ စပါးအကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းဟာ ၂၀၁၄ ခုနှစ် သြဂုတ်လတုန်းက အသင်းကြီးမှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့သူပါ။ လူငယ်ကစားသမားဘဝမှာတော့ လေတန် အော်ရီးယန့် ၊ မီလ်ဝေါလ် ၊  နောဝစ်ခ်ျနဲ့ လက်စတာအသင်းတွေမှာ အငှားသွားရောက်ကစားခဲ့သူပါ။

ကိန်းဟာ စပါအသင်းအတွက် ၈၃ ပွဲမှာ ၄၉ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ဗာဒီနဲ့ အပြိုင်ကြဲခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လာမယ့် ရာသီမှာတော့ ကိန်းဟာ စပါးအသင်းမှာ တိုက်စစ်နေရာအတွက် အားထုတ်ပြီး ပိုယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ အကြောင်းကတော့ စပါးအသင်းဟာ အယ်လ်ခမာအသင်းတိုက်စစ်မှူး ယန်ဆင်းကို ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာကြောင့်ဖြစ်ပါတယ်။

Credit - https://www.facebook.com/footballgurumyanmar/



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment