ယူရို ၂၀၁၆ မှာ ရလဒ်မကောင်းဖြစ်နေတဲ့ ပေါ်တူဂီအသင်းနဲ့အတူ အသင်းခေါင်းဆောင် ရော်နယ်ဒိုတစ်ယောက်လည်း ဘူ နေတဲ့ ပုံပါပဲ။
အသင်းကလည်း လိုအပ်တဲ့နိုင်ပွဲမရယူနိုင်သေးဘဲ ၊ ပြီးခဲ့တဲ့ သြစတြီးယားနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ ရော်နယ်ဒိုကတော့ သူ့ရဲ့ ပေါက်ကွဲနေတဲ့ ဒေါသကို reporter ရဲ့ မိုက်ကရိုဖုန်းပေါ်မှာ ကျရောက်သွားစေခဲ့ပြီး ရေကန်ထဲကို လွှင့်ပစ်လိုက်တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနဲ့အတူ အသင်းလိုက်ရလဒ်ကောင်းတွေရော ၊ တစ်ဦးချင်းရလဒ်ကောင်းတွေကိုပါ ရယူနေနိုင်တဲ့ အဓိက ပြိုင်ဘက် မက်ဆီရဲ့ ပရိသတ်တွေကတော့ ရော်နယ်ဒိုကို ပြောစရာ တစ်ကွက်တိုးသွားခဲ့ပြီဖြစ်ပါတယ်။
အုပ်စုဗိုလ်ဟန်ဂေရီအသင်းနဲ့ မကစားခင်မှာ အခုလိုမျိုး သတင်းထောက်က မေးခွန်းသွားရောက်မေးမြန်းခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်းမပြုဘဲ အခုလို ရိုင်းပျတဲ့ အမူအရာကို ပြုလုပ်လိုက်တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်တော့ စိတ်ဓာတ်အမူအရာ မရင့်ကျက်သေးတဲ့ အပြုအမူတွေကို ပြုပြင်ရအုံးမှာဖြစ်ပြီး ပရိုမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်သင့်တယ်လို့ မီဒီယာတွေက ဝေဖန်ခဲ့ပါတယ်။
( Paing A K )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : DailyMail
For PTV Sports Live TV Channel HD Streaming PTV Sports launched new website for sports lover to easy access from any where, PTV Sports his viewers and always tried to produce best streaming and Sports programs, Shows, debates etc.
ReplyDeleteWatch PTV Sports Live Streaming at
http://www.PTVSports.Live