Powered by Blogger.

ဂျာမန်ပစ္စည်းတွေကို မသုံးသင့်တော့ဘူးလို့ ဂယ်ရီလိုင်နီကာ ခနဲ့


ယူရိုပြိုင်ပွဲရဲ့ အုပ်စု A ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ရှင် ပြင်သစ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်အတွင်းမှာ Adidas ရဲ့ ဘောလုံးလဲ ကွဲခဲ့ပြီး ၊ Puma တံဆိပ် ဆွစ်ဇာလန်အသင်းရဲ့ အကျီ င်္တွေကလည်း ပြဲခဲ့တာကြောင့် အင်္ဂလန်နာမည်ကျော် ကစားသမားဟောင်း ဂယ်ရီလိုင်နီကာ ( Gary Linekar ) က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အာဆင်နယ်ကွင်းလယ်လူ ရှာကာကတော့ ပွဲတွင်းမှာ အကျီ င်္ပြဲတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး နှစ်ကြိမ်အထိ အကျီ င်္လဲခဲ့ရပါတယ်။ နောက်ထပ်ဆွစ်ဇာလန်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဇီမာလီ ၊ မယ်မက်ဒီနဲ့ တိုက်စစ်မှူး အမ်ဘိုလိုတို့ဟာလည်း အကျီ င်္ ပြဲတဲ့ပြဿနာကို ကြုံတွေ့ခဲ့ရပြီး Puma ဝတ်စုံတွေရဲ့ အရည်အသွေး အဆင့်အတန်းက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာပါ။

ဒါကိုတော့ BBC အားကစားတင်ဆက်သူ ဂယ်ရီလိုင်နီကာက “ကျွန်တော်ကတော့ ဆွစ်အသင်းရဲ့ အကျီ င်္အရည်အသွေးကို မေးခွန်းထုတ်ချင်တယ်။ ” လို့ တွဲဖက်တင်ဆက်သူ ဟင်နရီကိုပြောကြားခဲ့ပြီး ဖာဒီနန်ကတော့ “ဒီကိစ္စကို ဟင်နရီက ပြောနိုင်လိမ့်မယ် ထင်တယ်။ ” လို့ ပြောကြားခဲ့ပါတယ်။ ဟင်နရီဟာ ၂၀၁၁ ခုနှစ်တုန်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ စပွန်ဆာစာချုပ်ကို Puma နဲ့ တွဲဖက် ချုပ်ဆိုထားခဲ့တဲ့သူဖြစ်ပါတယ်။ ဟင်နရီကတော့ “ကျွန်တော်သူတို့ကို ဖုန်းဆက်ပြောပေးမယ်လေ အကိုတို့ လိုရင်ပေါ့” လို့ ပြန်ပြီး အရွှန်းဖောက်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဘောလုံးဖြစ်တဲ့ ဘရူးဂျူးဘောလုံးဟာလည်း ကွဲထွက်ခဲ့တာကြောင့် Adidas တို့အတွက်တော့ မျက်နှာပူစရာဖြစ်လာခဲ့ပါတယ်။ Adidas ရဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အသုံးပြုခဲ့တဲ့ ဂျာဘူလာနီဘောလုံးဟာဆိုရင်လည်း ဘောလုံးရဲ့ ဦးတည်ချက်အမှန်ကို ခန့်မှန်းလို့ မရခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

ဒီလိုဖြစ်ရပ်တွေကိုတော့ ဂယ်ရီလိုင်နီကာက “ဆွစ်အသင်းရဲ့ အကျီ င်္တွေကတော့ စက္ကူတွေလိုပဲ ဖြဲတိုင်းပြဲနေတယ်။ Adidas ဘောလုံးကလည်း ကွဲခဲ့တယ်။ ဒါက ကျွန်တော်တို့ ဂျာမန်ထုတ်ပစ္စည်းတွေပေါ်မှာ မမှီခိုသင့်တော့ဘူးဆိုတာကို ပြနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ကိုတော့ ဆွစ်ဇာလန်ဂိုးသမား ဆွန်မားက ကာကွယ်ခဲ့ပြီး အကျီ င်္ဆိုတာ ပြဲဖူးတာပဲ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment