Powered by Blogger.

ဂန်းနားတို့က ပေါင် ၂၅ သန်းတန်အပြောင်းအရွှေ့တစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေ



အာဆင်နယ်အသင်းကတော့ နောက်ထပ်ဘွန်ဒက်စ်လီဂါက ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။ ရှာကာကို ခေါ်ယူနိုင်ခဲ့အပြီးမှာ ဝုလ်ဖ်ဘတ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ရီကာဒိုရိုဒရီဂွက်ဇ်ကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ အာဆင်နယ်အသင်းက ကြိုးပမ်းနေတာပါ။

နောက်ခံကစားသမားတွေဖြစ်တဲ့ ကီရန်ဂစ်ဘ်နဲ့ မက်သရူးဒီဘူချီတို့ကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့အတွက် အာဆင်နယ်အသင်းက သေချာသလောက်ရှိနေတာကြောင့်လည်း အခုလို ပြန်လည်
အားဖြည့်မှုပြုလုပ်ဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သိရပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးမှာ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်သွားဖွယ်ရှိနေပြီး လောလောဆယ်မှာတော့ ပြောင်းရွှေ့ကြေးအတွက်တော့ နှစ်သင်းကြားဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဂျာမန်နာမည်ကျော် သတင်းစာ တစ်စောင်ဖြစ်တဲ့ Bild က ဒီသတင်းကို ဖော်ပြခဲ့တာဖြစ်ပြီး ၊ အသက် ၂၃ နှစ်အရွယ်နောက်ခံလူဟာ စာချုပ်သက်တမ်း သုံးနှစ်ထက်မက ကျန်ရှိနေသေးပြီး လောလောဆယ်မှာတော့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းနဲ့အတူ ရီကာဒိုရိုဒရီဂွက်ဇ်တစ်ယောက် အလုပ်ရှုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဝုလ်ဖ်ဘတ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်လူ လူးဝစ် ဂူစတာဗိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့
အတည်ပြုလိုက်တယ်လို့လည်း သိရပါတယ်။

Credit to - FootballGuruMM (ဘောလုံးဂုရု)


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment