Powered by Blogger.

ဆောက်သမ်တန်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဝမ်ယာမာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ စပါး



စပါးအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကတော့ သူနဲ့အတူ ဆောက်သမ်တန်အသင်းမှာ လက်တွဲခဲ့တဲ့ ကွင်းလယ်လူ ဗစ်တာဝမ်ယာမာ (Wanyama) ကို ဝှိုက်ဟတ်လိန်းကို အရခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဒီကစားသမားကတော့ စပါးအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဝမ်ယာမာဟာ ၂၀၁၃ ခုနှစ်တုန်းက ဆဲလ်တစ်အသင်းကနေ စိန့်ကို ပြောင်းရွှေ့ခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာကြောင့် နောက်တစ်ရာသီဆိုရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရဖွယ်ရှိနေတာကြောင့် ဆောက်သမ်တန်အသင်းက အခုလို ရောင်းချလိုက်တာဖြစ်ပါတယ်။

Box-to-Box ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝမ်ယာမာဟာ ဆောက်သမ်တန်အသင်းပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ပြီး အပြောင်းအရွှေ့ကို တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ စပါးအသင်းရဲ့ ဟန်ချက်ကို ကွင်းလယ်ပိုင်းနဲ့ အကောင်းဆုံး ထိန်းချုပ်သွားဖို့ စဉ်းစားနေပြီး ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရရှိထားဖို့ မျှော်လင့်လျက်ရှိနေတာကြောင့် အခုလို အားဖြည့်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ကင်ညာနိုင်ငံသားကစားသမားကတော့ စပါးအသင်းနဲ့အတူ ဆေးစစ်မှုအောင်မြင်ခဲ့တာကြောင့် တရားဝင်ရောက်ရှိသွားခဲ့တာပါ။ ဝမ်ယာမာကတော့ ဆောက်သမ်တန်အသင်းမှာ ၉၂ ပွဲကစား လေးဂိုးသွင်းယူပေးထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Credit to FootBall Guru MM (ဘောလုံးဂုရု)
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment