Powered by Blogger.

အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ လူငယ်နောက်ခံလူ ဘိုင်လီရဲ့အပေါ် မော်ရင်ဟိုရဲ့အမြင်


မန်ယူအသင်းရဲ့ နည်းပြသစ် Mourinho (မော်ရင်ဟို)ကတော့ သူ့ရဲ့လက်ထက်မှာ ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ဗီလာရီးရဲလ်အသင်းနောက်ခံလူ Bailly (ဘိုင်လီ)ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုင်ဗရီကို့စ်ကစားသမားကတော့ သူ့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ဆိုပြီး နည်းပြမော်ရင်ဟိုက သူ့ကို ကူညီနိုင်မယ်ထင်တယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်သာရှိသေးပြီး အမြင့်တန်းလိဂ်မှာ ပွဲ ၄၀ လောက်သာ ကစားခဲ့ဖူးတဲ့ နောက်တန်းလူတစ်ယောက်ကို မော်ရင်ဟိုက သန်း ၃၀ အထိပေးပြီး ဝယ်လိုက်တာ ထူးဆန်းတယ်လို့ ဆိုရမှာပါ။

အိုင်ဗရီကို့စ်နောက်ခံလူကိုတော့ မန်စီးတီး ၊ ဘာစီလိုနာ ၊ ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတို့ကလည်း ချဉ်းကပ်ခဲ့ဖူးပြီး မန်ယူအသင်းက အခုလို လက်ဦးခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြကတော့ သူခေါ်ယူခဲ့တဲ့ နောက်ခံလူနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"အဲရစ်ကတော့ ပင်ကိုယ်စွမ်းရည်ကောင်းပြီး ကစားအားကောင်းတဲ့ ဗဟိုနောက်ခံလူတစ်ယောက်ပါ။ သူက လာခြင်းကောင်းပြီး အကောင်းဆုံးနောက်တန်းတွေထဲက တစ်ယောက်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ သူ့နဲ့ အတူတူ အလုပ်လုပ်သွားမှာဖြစ်ပြီး သူဖြစ်ချင်နေတဲ့ ဆန္ဒတွေကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မယ်ထင်ပါတယ်။ ကျွန်တော်မန်ယူအသင်းမှာ ပထမဆုံးအဖြစ် ခေါ်ယူတဲ့ ကစားသမားကိုတော့ အင်္ဂလန်ဘောလုံးလောကမှာ ထွန်းတောက်လာအောင် ပြုလုပ်ပေးသွားမှာပါ " လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

ဘိုင်လီဟာ ၂၀၁၅ ဇန်နဝါရီလတုန်းကမှ အက်စ်ပန်ညိုလ်အသင်းကနေ ဗီလာရီးရဲလ်အသင်းကို ပေါင် ၄.၄ သန်းနဲ့ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး အက်စ်ပန်ညိုလ်အသင်းနည်းပြဟောင်း မားကွက်ဇ်က ဘိုင်လီဟာ လာလီဂါမှာ ရာမို့စ်လို အရည်အချင်းရှိတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး အင်္ဂလန်မှာ အောင်မြင်မှု ရနိုင်မယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် သန်း ၃၀ နဲ့ မော်ရင်ဟိုလိုနည်းပြမျိုးရဲ့ ယုံကြည်မှုကို ရရှိထားတဲ့နောက်ခံလူ ဘိုင်လီကတော့ ဘယ်လောက်အထိ လုပ်ပြသွားနိုင်မလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment