Powered by Blogger.

မန်စီးတီးက ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်းကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေ


မန်စီးတီးအသင်းကတော့ ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး Aubameyang (အော်ဘာမီယန်း) ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုစတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းရဲ့ နည်းပြသစ် ဂွာဒီယိုလာကတော့ ဥရောပမှာ အလိုအရှိဆုံး တိုက်စစ်မှူးထဲက တစ်ယောက်ကို မဖြစ်မနေကြိုးပမ်းသွားဖွယ်ရှိနေပြီး မန်စီးတီးအသင်းနဲ့အတူ မနှစ်တည်းက တောက်လျှောက်စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်စစ်မှူးကိုတော့ အစောပိုင်းကာလတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကိုတော့ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူသွားဖွယ်ရှိနေပြီး တစ်နှစ်လုပ်ခအနေနဲ့လည်း ပေါင်ဆယ်သန်းအထိ ပေးချေသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၅ အာဖရိကအကောင်းဆုံးကစားသမားဆုရှင်ကစားသမားကိုတော့ ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေစဉ်တည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ဂျာမန်ကွင်းလယ်လူ အိုင်ကေးဂန်ဒိုဂန်ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရင်ရာသီ ဘွန်ဒက်စ်လီဂါမှာ ၂၅ ဂိုးသွင်းယူခဲ့တဲ့ အော်ဘာမီယန်းဟာ ဥရောပပွဲစဉ်တွေမှာလည်း ဒေါ့မွန်အသင်းအတွက် အဓိက ဂိုးသွင်းစက်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အရင်ရာသီတုန်းကတော့ ပြိုင်ပွဲစုံသွင်းဂိုး ၃၉ ဂိုးအထိရှိခဲ့တဲ့ အော်ဘာမီယန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုး ၃၀ သွင်းယူခဲ့တဲ့ လီဝန်ဒေါစကီးထက်တောင် စွမ်းဆောင်ရည်တွေ ပိုကောင်းနေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းကို လူစာရင်းပြောင်းလဲမှုများစွာ ပြုလုပ်သွားဖွယ်ရှိနေပြီး ကစားသမားရှစ်ယောက်အထိကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ နောက်ခံလူတွေဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ ခံစစ်မှူး ဂျွန်စတုန်းစ်နဲ့ ဘီလ်ဘာအိုခံစစ်ကစားသမား လာပေါ်တီတို့ကိုလည်း ဂွာဒီယိုလာက မန်စီးတီးအသင်းကို အရခေါ်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment