မန်ယူအသင်းက ဗီလာရီးရဲလ်နောက်ခံလူ ဘိုင်လီကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူရန်စီစဉ်နေ
မန်ယူအသင်းကတော့ ဗီလာရီးရဲလ်အသင်းရဲ့ လူငယ်နောက်ခံလူ Bailly (ဘိုင်လီ)ကို ပြောင်းရွှေ့ကြေးပေါင် ၂၇.၆ သန်းနဲ့ ခေါ်ယူဖို့ ဈေးစကားဆိုနေပါတယ်။ ယူရိုငွေ ၃၅ သန်းအထိ တန်ကြေးရှိလာမယ့် ဒီအပြောင်းအရွှေ့ကိုတော့ ဗီလာရီးရဲလ်အသင်းကလည်း လက်ခံသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
အိုင်ဗရီကို့စ်နောက်ခံလူကတော့ မန်ယူအသင်းမှာကစားရတာဟာ အိပ်မက်လိုဖြစ်နေမယ်လို့ ထင်မှတ်နေပါတယ်။ မန်ယူနည်းပြသစ်ဖြစ်လာမယ့် မော်ရင်ဟိုကလည်း သူ့ရဲ့ အဓိက ပစ်မှတ်အနေနဲ့ ဒီကစားသမားကို စောင့်ကြည့်လျက်ရှိနေပြီး ယူရိုပြိုင်ပွဲမစတင်ခင်မှာ အရခေါ်နိုင်ဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။
စပိန်မီဒီယာတွေကလည်း ဒီအပြောင်းအရွှေ့ကို စောင့်ကြည့်ရေးစားနေကြပြီး လောလောဆယ်အထိတော့ ဆွေးနွေးလျက်ရှိနေပြီး
နှစ်သင်းကြား သဘောတူညီချက်တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဆိုပါတယ်။ စပိန်ကလပ် ဗီလာရီးရဲလ်ကတော့ ဒီဈေးသာအမှန်ဖြစ်လာမယ်ဆိုရင် မန်ယူအသင်းကို ရောင်းချဖို့ ဝန်လေးဖွယ်မရှိပါဘူး။ ပြီးခဲ့တဲ့တစ်နှစ်ခွဲတုန်းကတော့ ဒီနောက်ခံလူကို ဗီလာရီးရဲလ်အသင်းက အက်စပန်ညိုလ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် လေးသန်းခွဲ တည်းနဲ့ ခေါ်ယူခဲ့လို့ ဖြစ်ပါတယ်။
ကစားအားရှိပြီး ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကို အခက်တွေ့အောင်ကစားတတ်တဲ့ ကစားပေါက်က အသက် ၂၂ နှစ်အရွယ် ကစားသမားတစ်ယောက်ကို အခုလို ထွန်းတောက်လာစေခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားကို ဘာစီလိုနာ ၊ မန်စီးတီးစတဲ့ အသင်းတွေကလည်း စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းကတော့ လာမယ့်ရက်တွေအတွင်းမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူနိုင်ပြီဆိုတဲ့သတင်းကို ထုတ်ပြန်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment