Powered by Blogger.

အင်္ဂလန်အသင်းရဲ့ ကံကောင်းခြင်း လာဘ်ကောင်


အင်္ဂလန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ အဓိက နောက်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ ခရစ်စမောလင်းကတော့ ယူရိုပြိုင်ပွဲဝင်ဖို့အတွက် ပြင်သစ်မြေကို လာရောက်ချိန်မှာ လာဘ်ကောင်လေးလို့ ယူဆရတဲ့ အမွှေးပွခြင်္သေ့ရုပ်လေးတစ်ရုပ်ကိုပါ သူ့ရဲ့ လက်ဂေ့ခ်ျအိတ်ပေါ်မှာ တင်ပြီး တစ်ပါတည်း ယူဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ဒီအရုပ်လေးဟာ ခြင်္သေ့သုံးကောင်တံဆိပ်နဲ့ အင်္ဂလန်အသင်းအတွက် လာဘ်ကောင်အရုပ်လေးဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။

အင်္ဂလန်အသင်းရဲ့ တရားဝင်လူစာရင်းက ပြင်သစ်မြေကို ရောက်ရှိလာချိန်မှာ ဒီအရုပ်ကလေးပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီအရုပ်ကိုတော့ အင်္ဂလန်အသင်းသားတွေက ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ ၊ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့တဲ့ အချိန်တိုင်းမှာ ကစားသမားတစ်ဦးစီက ဒီခြင်္သေ့ရုပ်လေးကို တာဝန်ယူ သယ်ဆောင်ပေးသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီခြင်္သေ့ရုပ်လေးကိုတော့ ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင်တုန်းကလည်း စမောလင်းကပဲ သယ်ဆောင်ခဲ့တယ်လို့ သိရပြီး ဒီလာဘ်ကောင် ခြင်္သေ့ရုပ်လေးကိုတော့ နာမည်ပေးရခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အင်္ဂလန်အသင်းကတော့ လာမယ့် စနေနေ့မှာ ရုရှားအသင်းနဲ့ ယူရို အုပ်စု အဖွင့်ပွဲအဖြစ် ပထမဆုံးယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဝေးလ်စ်အသင်း ၊ ဆလိုဗက်ကီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment