Powered by Blogger.

လီဗာပူးလ်နည်းပြ ကလော့ပ်က နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေ


နာပိုလီအသင်းကို စီးရီးအေရဲ့ အဆင့်နှစ် နေရာမှာ ရပ်တည်နိုင်အောင် အဓိက ကူညီပေးခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ကိုတော့ လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂန်ကလော့ပ်က သဘောကျလျက်ရှိနေတယ်လို့ သိရပါတယ်။ ဟီဂူအင်ဟာ စီးရီးအေပွဲစဉ် ၃၅ ပွဲမှာ ၃၆ ဂိုး အထိ သွင်းယူခဲ့ပြီး ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်လာတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းကတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဘန်တီကီ ၊ စတားရစ်ခ်ျတို့က ဒဏ်ရာပြဿနာတွေ ပုံမှန်ခြေစွမ်းတွေ မပြသနိုင်ဖြစ်နေတာကြောင့် တိုက်စစ်ပိုင်းအားနည်းနေတယ်လို့ ဆိုရမှာပါ။

ကလော့ပ်ကတော့ အရင်ရာသီမှာ ဘရာဇီးလ်တိုက်စစ်ကစားသမား ဖေမီနိုနဲ့ လူငယ်တိုက်စစ်မှူး အော်ရီဂီတို့ကို တိုက်စစ်ပိုင်းမှာ အသုံးပြုခဲ့ပြီး အတော်အတန် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကလော့ပ်က အသင်းအတွက် ဂိုးပေါင်းများစွာကို သွင်းယူပေးနိုင်မယ့် ဥရောပအဆင့်တိုက်စစ်မှူးတစ်ယောက်ကို လိုအပ်နေတယ်လို့ ဆိုခဲ့တာဖြစ်ပြီး ဒီအဖြေကိုတော့ နာပိုလီတိုက်စစ်ကစားသမား ဟီဂူအင်က ဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ ကလော့ပ်က ယုံကြည်နေတာပါ။

လီဗာပူးလ်အသင်းကတော့ ဒီတိုက်စစ်မှူးကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး နောက်ထပ်အပြောင်းအရွှေ့ ပစ်မှတ်အဖြစ်တော့ ပေါ်တို ကွင်းလယ်လူ ဟက်တာ ပါရဲရားကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရပါတယ်။

ပါရဲရားကတော့ လီဗာပူးလ်အသင်းကို ရောက်ရှိလာဖို့ နီးစပ်နေပြီး ကလော့ပ်ရဲ့ ပစ်မှတ်တွေက အန်ဖီးလ်မှာ မှန်းချက်နဲ့နှမ်းထွက်ကိုက် မကိုက် စောင့်ကြည့်သွားရအုံးမှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment