Powered by Blogger.

အာဆင်နယ်အသင်းကို ရောက်ရှိဖို့ အရမ်းနီးစပ်နေပြီဖြစ်တဲ့ ဗာဒီ


လက်စတာအသင်းရဲ့ တိုက်စစ်ကျား Vardy (ဗာဒီ)ကတော့ အာဆင်နယ်အသင်းကို ရောက်ရှိဖို့အတွက် အရမ်းကို အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ ဗာဒီကို တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ အာဆင်နယ်အသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းဖော် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှီးယားရဲ့ အကြံပေးမှုကြောင့် အာဆင်နယ်အသင်းကို သွားကစားဖို့ ဗာဒီက စိတ်ဝင်စားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်စတာအသင်းကတော့ ဗာဒီကို ပိုမိုကြီးမားလာတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေဆဲဖြစ်ပြီး အာဆင်နယ်အသင်းနဲ့
ဒီနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ဗာဒီကလည်း အသင့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကတော့ မိုချန်ဂလာဘတ်ကွင်းလယ်ကစားသမား ရှာကာကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့အပြီးမှာ အခုလို အံ့အားသင့်ဖွယ် အမြန်နှုန်းနဲ့ ဗာဒီကို ကမ်းလှမ်းခဲ့တာပါ။ အရင် အပြောင်းအရွှေ့တွေမှာ အမြဲတမ်းအထနှေးတတ်တဲ့ အာဆင်နယ်အသင်းကတော့ ဗာဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင် အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒီနေ့မှာ ဗာဒီဟာ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။





လက်စတာအသင်းနည်းပြ ရာနီရေးရီကတော့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေက အမှန်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့် ၂၄ နာရီအတွင်းမှာတော့ ဗာဒီရဲ့ အပြောင်းအရွှေ့သတင်းကို တရားဝင် ကြားရဖွယ်ရှိနေပြီး လက်စတာရဲ့ တန်ပြန်တိုက်စစ်ကစားပုံမှာ အံဝင်ခဲ့တဲ့ ဗာဒီတစ်ယောက်တော့ အာဆင်နယ်အသင်းရဲ့ ကစားခွင်မှာ အသားကျမလားဆိုပြီး မေးခွန်းထုတ်စရာတော့ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးနေရာအတွက် ဂျုဗင်တပ်တိုက်စစ်မှူး မိုရာတာနဲ့ လက်စတာတိုက်စစ်မှူး ဗာဒီတို့ကို လျာထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ရည်ရွယ်နေပြီး ဗာဒီကို ခေါ်ယူမှု သေချာသွားခဲ့ပြီးရင်တော့ ဗာဒီနဲ့ လက်စတာတိုက်စစ်အတွဲအဖက်ဖြစ်တဲ့ ကွင်းလယ်လူမာရက်ဇ်ကို ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိတိုက်စစ်မှူး ဂီရော့ဒ်ကတော့ ဗာဒီနဲ့လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း ပြောကြားသွားခဲ့ပြီး အကောင်းဆုံး တိုက်စစ်အတွဲဖြစ်လာအောင် စွမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment