Powered by Blogger.

ဝေးလ်စ်လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဂါရတ်ဘေးလ်



ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်းတွေနဲ့ ရှစ်လကျော်ကြာ ဝေးကွာနေခဲ့တဲ့ Bale (ဂါရတ်ဘေးလ်)ကတော့ အမိမြေမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး အရမ်းကို ပျော်ရွှင်နေတဲ့ ပုံပါပဲ။ ဘေးလ်ကတော့ ဝေးလ်စ်လက်ရွေးစင်အသင်းကို ယူရိုခြေစစ်ပွဲအောင်မြင်အောင် ပံ့ပိုးပေးခဲ့ရာမှာ အဓိက ကစားသမားတစ်ယောက်အဖြစ်ရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။



ကာဒစ်ဖ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ဗေးလ်ရက်ဆော့တ်ကွင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ကြတာဖြစ်ပြီး
 ဘေးလ်နဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ထင်ရှားနေတဲ့ နောက်ထပ်ကစားသမားတစ်ယောက်ကတော့ အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးပဲဖြစ်ပါတယ်။

ရမ်ဆေးကတော့ သူ့ရဲ့ ဆံပင်ပုံစံကို ယူရို ၂၀၁၆ မတိုင်ခင်မှာ ပြောင်းလဲလိုက်ပြီး အတော်လေးကို လိုက်ဖက်နေတာကိုလည်း တွေ့ရပါတယ်။



ဘေးလ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း ကစားထားခဲ့ရတာကြောင့် ဝေးလ်စ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကြံ့ခိုင်ရေးနည်းပြ အဒမ်အိုဝင်နဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေကိုသာဆင်းခဲ့တာပါ။ ဝေးလ်စ်အသင်းကတော့ လီဗာပူးလ်ကွင်းလယ်လူ ဂျိုးအလန် ၊ ဂျွန်လက်ဒလေ ၊ ကနူး ၊ ဝီလီယံမ်စ်စတဲ့ အဓိက ကစားသမားတွေ အစုံအလင်နဲ့ လေ့ကျင့်ခန်းဆင်းခဲ့ကြတာဖြစ်ပါတယ်။




ဝေးလ်စ်အသင်းရဲ့ နောက်ဆုံးအပြီးသတ်လူစာရင်းမှာတော့ လက်စတာအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒီကင်းလည်း ပါဝင်လာခဲ့ပြီး နည်းပြ မာတင်အိုနေးလ်ရဲ့ ဝေးလ်စ်အသင်းကတော့ ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ကြုံးဝါးထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment