Powered by Blogger.

မန်စီးတီးအသင်းက ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်ကို တရားဝင် ခေါ်ယူနိုင်ခဲ့


မန်စီးတီးအသင်းကတော့ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား Gundogan (ဂန်ဒိုဂန်) ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ဒေါ့မွန်အသင်းမှာ ဒူးဒဏ်ရာရရှိထားလို့ အနားယူနေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်စီးတီးအသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ဖြစ်ခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ဂွာဒီယိုလာကတော့ ဂန်ဒိုဂန်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ မတ်လတည်းက မန်စီးတီးအသင်းကို ညွှန်ကြားထားပြီး မန်စီးတီးအသင်းက ဒီကစားသမားအတွက် ဆွေးနွေးမှုတွေ သေချာပြုလုပ်ခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဒီကစားသမားအတွက် ပေါင် ၂၁ သန်းနဲ့ အပြောင်းအရွှေ့ အထမြောက်သွားတယ်လို့  သိရပါတယ်။

ဂွာဒီယိုလာဟာဆိုရင်တော့ သူ့ရဲ့ အကောင်းဆုံး ကစားကွက်တစ်ခုကို မန်စီးတီးအသင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး သုံးနှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာအောင် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ မက်ဆီ ၊ ပေါ့ဂ်ဘာ ၊ ဂျွန်စတုန်းနဲ့ လာပေါ်တီတို့ကို နွေရာသီမှာခေါ်ယူဖို့ ကြံရွယ်နေပြီး အခုဆိုရင်တော့ ဂန်ဒိုဂန်ကလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဂန်ဒိုဂန်ရဲ့ ပြောင်းရွှေ့ကြေးအပြင် အောင်မြင်မှုအလိုက် အကျိုးခံစားခွင့်တွေကိုလည်း ဒေါ့မွန်အသင်းကို ပေးချေသွားရဖွယ်ရှိနေပါတယ်။ ဂန်ဒိုဂန်ကတော့ စက်တင်ဘာလတည်းက ဒူးဒဏ်ရာကြောင့် ဒေါ့မွန်အသင်းမှာ ကစားခွင့်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဒီရဲ့ ဂျာမန်လက်ရွေးစင်ကစားသမားကိုတော့ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း ကြိုးပမ်းခဲ့ကြပြီး မန်စီးတီးအသင်းက လက်ဦးမှုရယူပြီး အခုလို ပြုလုပ်နိုင်ခဲ့တာပါ။ ဂွာဒီယိုလာကတော့ ဂျာမန်ဘွန်ဒက်စ်လီဂါက သူ့ရဲ့ စိတ်ကြိုက်ကစားသမားတွေကို မန်စီးတီးအသင်းမှာ လာရောက်ကစားစေချင်နေတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment