Powered by Blogger.

ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းမှာ မက်ဆီ ထိပ်ဆုံးကရပ်တည်နေ




ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး  Messi (မက်ဆီ)ကတော့ ၂၀၁၆ ခုနှစ်အတွက် တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေခဲ့ပြီး သူ့ရဲ့ တန်ကြေးက ပေါင် ၁၆၃ သန်းအထိ ရောက်ရှိနေခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းဖော် နေမာကို ကျော်ဖြတ်ပြီး အဆင့်တစ်နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး နေမာကတော့ အဆင့် နှစ် နေရာမှာ တန်ကြေး ပေါင် ၁၅၅ သန်းနဲ့ ရပ်တည်လျက်ရှိနေတာပါ။
 

တတိယနေရာမှာတော့ ရီးရဲလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရော်နယ်ဒိုက တန်ကြေား ပေါင် ၁ဝ၆ သန်းနဲ့ ရပ်တည်လျက်ရှိနေပြီး ၊ စတုတ္ထနေရာမှာ အက်သလက်တီကို တောင်ပံကစားသမား ဂရစ်ဇ်မန်းက တန်ကြေးပေါင် ၉၃ သန်း ၊ အဆင့်ငါးနေရာမှာတော့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းက ပရီးမီးယားလိဂ်ရဲ့ ဂုဏ်ကိုဆောင်ပြီး တန်ကြေးပေါင် ၈၇ သန်းနဲ့ အစဉ်လိုက် ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။

ဘောလုံးသမားတွေရဲ့ တန်ကြေးကိုတော့ အသက်အရွယ် ၊ စာချုပ်သက်တမ်းနဲ့ ခြေစွမ်းအချက်အလက်တွေပေါ်မှာ မူတည်ပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။ 

တန်ကြေးအကြီးဆုံး ကစားသမား အယောက် ၁၀၀ ရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လီဂူး-၁ စတဲ့ ဥရောပလိဂ်ကြီးတွေက ကစားသမားတွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။






စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းအတွက်ကတော့ အခုလို အဆင့်ငါးနေရာမှာ ရပ်တည်နိုင်ခဲ့တာက ဂုဏ်ယူစရာဖြစ်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ စပါးအသင်းအတွက် ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ရွှေဖိနပ်ဆုကို ရယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အဆင့် ခြောက် နေရာမှာတော့ မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မာရှယ်လ်က တန်ကြေး ပေါင် ၈၆ သန်းနဲ့ ရပ်တည်နေပြီး မန်ယူအသင်းကို ရောက်ရှိပြီးနောက်ပိုင်းမှာ မာရှယ်လ်ရဲ့ တန်ကြေးက တစ်ရိပ်ရိပ်မြှင့်တက်လာခဲ့တယ်လို့သိရပါတယ်။

မန်ယူအသင်းကတော့ မာရှယ်လ်ကို မိုနာကို အသင်းကနေ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပေါင် ၃၆ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

လီဝန်ဒေါစကီး ၊ အိုဇေးလ် ၊ ဘန်ဇီမာ စတဲ့ ကစားသမားလည်း ဒီစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းက တိုက်စစ်မှူး ဗာဒီ ၊ မာရက်ဇ်နဲ့ ကွင်းလယ်လူ ကန်တေတို့လည်း ဒီစာရင်းမှာ တန်းဝင်ခဲ့ကြပြီး နာမည်ကျော်တိုက်စစ်မှူးကြီးတွေဖြစ်ကြတဲ့ ရွန်းနီနဲ့ အီဘရာဟီမိုဗစ်တို့ကတော့ အသက် ၃၀ ကျော်ခဲ့ပြီဖြစ်တာကြောင့် ဒီစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment