Powered by Blogger.

မန်ယူအသင်းက ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းထွက်



မန်ယူအသင်းကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်စတား Pogba ( ပေါ့ဂ်ဘာ)ကို ပြောင်းရွှေ့ကြေး ပေါင် ၇၆ သန်းအထိ ပေးပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာစေဖို့ စွမ်းဆောင်သွားမယ်လို့ သိရပါတယ်။

မန်ယူနည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ အဓိက ပစ်မှတ်အဖြစ် ဂျူဗီကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးရီးအေကနေ အများဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ထုတ်လာဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီမှာ သုံးနှစ်ကြာကစားခဲ့တဲ့ ပေါ့ဂ်ဘာဟာ ၂၀၁၂ ခုနှစ်အတွင်းမှာ မန်ယူအသင်းက သူ့ကို သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့တာကြောင့် စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ တူရင်မြေမှာ အသင်းလိုက်နဲ့ တစ်ဦးချင်း အမြင့်မားဆုံး အောင်မြင်မှုတွေရရှိခဲ့တာကြောင့် ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ဒီကစားသမားကိုတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြ လူးဝစ်အန်းနရစ်ကလည်း စိတ်ဝင်စားနေခဲ့ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။
မန်ယူအသင်းကတော့ ဘင်ဖီကာ လူငယ်ကြယ်ပွင့် ရီနတို ဆန်းချက်စ်ကိုလည်း ခေါ်ယူဖို့ နီးစပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဆီကို လက်လွတ်လိုက်ရတာကြောင့် ကြေကွဲခဲ့ရပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ ပေါ့ဂ်ဘာကိုလည်း အဓိက ပစ်မှတ်အဖြစ် သေချာ ချဉ်းကပ်သွားဖွယ်ရှိနေပြီး ယူရိုပြိုင်ပွဲအပြီးမှာ အပြောင်းအရွှေ့ကို အဆုံးသတ်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment