Powered by Blogger.

အာဆင်နယ်အသင်းရဲ့ပစ်မှတ် အမ်ခီတာရန်ကို ဒေါ့မွန်အသင်းတရားဝင်ရောင်းထုတ်မည်


ဒေါ့မွန်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား Mkhitaryan (အမ်ခီတာရန်) ကတော့ ဒေါ့မွန်အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်တာကြောင့် ဒေါ့မွန်အသင်းက သူ့ကို တရားဝင်ရောင်းထုတ်သွားတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အာမေနီးယား နိုင်ငံသား ကစားသမားဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး အကောင်းဆုံး ကစားအားတွေကြောင့် အသင်းကြီးအတော်များများကလည်း သူ့ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ  ၂၀၁၃ ခုနှစ်တုန်းက  ရှက်တာဒိုးနက်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒေါ့မွန်အသင်းအတွက်တော့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ၁၃၆ ပွဲကစားပြီး ဂိုး ၄၀ အထိ သွင်းယူထားတယ်လို့ သိရပါတယ်။

၂၀၁၇ အတွင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးသွားမှာဖြစ်တာကြောင့် ဒေါ့မွန်အသင်းက ဒီကစားသမားကို စာချုပ်သစ်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အမ်ခီတာရန်က ငြင်းပယ်ခဲ့တာကြောင့် အခုလို သတင်းတွေထွက်ရှိလာခဲ့တာပါ။ ဒီကစားသမားကိုတော့ ပရီးမီးယားလိဂ် နာမည်ကျော် အာဆင်နယ်အသင်းက စိတ်ဝင်စားလျက်ရှိနေပြီး ချဉ်းကပ်မှုတွေလည်း ပြုလုပ်နေခဲ့တာပါ။

စပါး ၊ ချယ်လ်ဆီးစတဲ့ လန်ဒန်အသင်းတွေကလည်း ဒီကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့အတွက် စီစဉ်လျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ အမ်ခီတာရန်ကို ခေါ်ယူအုံးမလား မသေချာသေးပေမယ့်လည်း ၊ မိုချန်ဂလာဘတ်ကွင်းလယ်လူ ရှာကာကို ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီးဖြစ်ပြီး လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကိုလည်း ပေါင် ၂၂ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ နှုတ်အားနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမား ရိုဒီ (Rode) ကို ထွက်ခွာသွားပြီဖြစ်တဲ့ နောက်ခံလူ ဟမ်မဲလ်စ် (Hummels) ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပေါင် ၁၁ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆို နိုင်ခဲ့ပြီးတဲ့နောက်မှာ လေဗာကူဆင်အသင်းနောက်ခံလူ တော့ပ်ရက်ခ် (Toprak) ကို ဆက်လက်ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro , Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment