Powered by Blogger.

မန်ယူအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ကာရစ်



အင်္ဂလန်အသင်းနဲ့ မန်ယူအသင်းရဲ့ အဓိက ဝါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်ကတော့ မန်ယူအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ မန်ယူအသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးဖြစ်ပြီး ၁၁ နှစ်မြောက်အဖြစ် ကစားဖို့အတွက် မန်ယူအသင်းနဲ့ တစ်နှစ်သက်တမ်းထပ်တိုးလိုက်တာပါ။

၂၀၀၆ ခုနှစ်တုန်းက စပါးအသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာခဲ့တဲ့ ကာရစ်ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားငါးခု ၊ အက်ဖ်အေဖလား တစ်ခု ၊ ကမ္ဘာ့ကလပ်များဖလားတစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားတစ်ခု စတဲ့ အောင်မြင်မှုများစွာကို ရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ကာရစ်ကတော့ မန်ယူအသင်းနဲ့ သက်တမ်းတိုးနိုင်ခဲ့မှုအပေါ်အခုလိုပဲပြောပါတယ်။ " ဒီလို ခမ်းနားတဲ့ အသင်းက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ပျော်ရွှင်မိပါတယ်။ အံ့သြစရာကောင်းလှတဲ့ ခရီးရှည်ကြီးကို ဆက်သွားရတော့မယ်" လို့ ပြောကြားခဲ့တာပါ။

နည်းပြသစ်မော်ရင်ဟိုရဲ့ လက်အောက်မှာ ပထမဆုံးကစားခွင့်ရရှိမှာဖြစ်တာကြောင့် ရင်တွေလည်း ခုန်နေပြီး အသင်းကို နည်းပြနဲ့အတူတစ်ဖက်တစ်လှမ်းက ကူညီနိုင်အောင် စွမ်းဆောင်သွားမယ်လို့ ကာရစ်ကပြောပါတယ်။ နည်းပြမော်ရင်ဟိုကတော့ နောက်ခံလူ ဘိုင်လီကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ မန်ယူအသင်းရဲ့ သက်တော်ရှည်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကာရစ်ကိုအခုလို စာချုပ်သက်တမ်းတိုးလိုက်တာလည်းဖြစ်ပါတယ်။

လောလောဆယ်မော်ရင်ဟိုရဲ့ ချဉ်းကပ်ပုံတွေအရတော့ မန်ယူအသင်းဟာလည်း မော်ရင်ဟို အရင်ကကိုင်တွယ်ခဲ့တဲ့အသင်းတွေလိုပဲ ခံစစ်အသားပေးကစားမယ့် အသင်းတစ်သင်းဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment