
အဲဗာတန်အသင်းနဲ့ အင်္ဂလန်အသင်းရဲ့နောက်ခံလူ John Stones (ဂျွန်စတုန်းစ်)ကတော့ ဘာစီလိုနာအသင်းရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ DailyMail က ဖော်ပြပါတယ်။ ဒါ့ကြောင့် အဲဗာတန်နောက်ခံလူ မန်စီးတီးအသင်းက အသည်းအသန်ကြိုးစားလာပြီး မကြာခင်မှာ အပြောင်းအရွှေ့ဖြစ်မြောက်လာဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့တဲ့အပြောင်းအရွှေ့မှာတော့ ဘာစီလိုနာအသင်းက ဂျွန်စတုန်းစ်ကို တစ်ပတ်လုပ်ခပေါင်ကိုးသောင်းအပြင် အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂျွန်စတုန်းစ်ရဲ့ အေးဂျင့်ဖြစ်သူ ပေါလ်မာတင်က ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဘာစီလိုနာအသင်းဟာ ဂျွန်စတုန်းစ်ကို ပြီးခဲ့တဲ့ ၂၀၁၄ နွေရာသီအပြောင်းအရွှေ့တည်းက ချဉ်းကပ်နေခဲ့တာဖြစ်ပြီး လုပ်ခလစာ များများမပေးနိုင်တာကြောင့် ပယ်ချခံခဲ့ရတာပါ။
မက်ဆီနဲ့ နေမာတို့ရဲ့ လစာဟာ အဆမတန်များပြားနေတာကြောင့်လည်း တစ်ခြားကစားသမားတွေကို လစာငွေခပ်များများပေးချေဖို့ကို ဘာကာအသင်းက စဉ်းစားနေရတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကိုတော့ ဘာစီလိုနာအသင်းက နောက်ခံလူ မာရှေယာနိုရဲ့နေရာမှာ ရေရှည်အစားထိုးသွားဖို့ ရည်ရွယ်နေတာဖြစ်ပြီး ထွက်ခွာသွားပြီဖြစ်တဲ့နောက်ခံလူ အဲလ်ဗတ်စ်ရဲ့နေရာမှာ အစားထိုးဖို့လည်း အာဆင်နယ်အသင်းရဲ့နောက်ခံလူ ဘယ်လာရင်ကို ချိန်ရွယ်လျက်ရှိနေတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာကတော့ ဂျွန်စတုန်းစ်နဲ့ ဘီလ်ဘာအိုနောက်ခံလူ လာပေါ်တီတို့ကို အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်လျက်ရှိနေတာပါ။ အရင်ကတော့ ဂျွန်စတုန်းစ်ကို မန်ယူအသင်းကလည်း စောင့်ကြည့်ခဲ့ပေမယ့် မန်ယူအသင်းက ဗီလာရီးရဲလ်နောက်ခံလူ ဘိုင်လီကို ခေါ်ယူလိုက်တာကြောင့် ဆက်လက်ကြိုးပမ်းခြင်းမရှိတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဂျွန်စတုန်းစ်ဟာ ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှုကိုလည်း ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ကသာ အပြိုင်ဖြစ်လာခဲ့တာပါ။ ဂျွန်စတုန်းစ်ရဲ့ အပြောင်းအရွှေ့တန်ကြေးကတော့ နောက်ခံလူတွေမှာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၄၀ အထိ ရှိလာနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : DailyMail
0 comments :
Post a Comment