Powered by Blogger.

ဘရာဇီးလ်အသင်းက ပီရူးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကိုပါအမေရိကပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရ


တောင်အမေရိကရဲ့ နာမည်ကျော် ဘရာဇီးလ်အသင်းကတော့ ပီရူးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ ဘရာဇီးလ်အသင်းကတော့ ပီရူးအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့်  အခုလိုပဲ အံအားသင့်ဖွယ်ရှုံးနိမ်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရတာပါ။ ဝီလီယံ ၊ ဟော့ခ် ၊ ကော်တင်ဟို ၊ ဒန်နီအဲလ်ဗတ်စ်နဲ့ ၏
ဖိလစ်ပီလူးဝစ်စတဲ့ ကစားသမားကောင်းတွေနဲ့ ဘရာဇီးလ်က ပွဲထွက်ခဲ့ပြီး ဒီပွဲနိုင်မှ နောက်တစ်ဆင့်ကိုတက်ရောက်သွားဖို့ေ သချာမှာဖြစ်တာကြောင့် ပီရူးအသင်းကို အကောင်းဆုံးဖိအားပေးကစားခဲ့ပါတယ်။


ပီရူးအသင်းကတော့ အုပ်စုတွင်းမှာ အကောင်းဆုံးခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ ၊ ရမှတ် ၇ မှတ် အုပ်စုပထမနဲ့  ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဝီလီယံနဲ့ ကော်တင်ဟိုတို့ရဲ့ သေသပ်တဲ့ ပေးပို့မှုတွေ က ပီရူးအသင်းရဲ့နောက်တန်းကို
အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ဂိုးရလုနီးပါးအခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၇၅ မိနစ်မှာ ပီရူးအသင်းရဲ့ကစားသမား  ရာအူးလ် ရူဒီးယက်စ်က အမှတ်မထင် သွင်းယူသွားခဲ့တာကြောင့် ပီရူးအသင်း စိတ်ဓာတ်တက်သွားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပါတယ်။

ပီရူးအသင်းဟာ ၁၉၇၅ ကိုပါအမေရိက ဖလားမှာ ဘရာဇီးအသင်းကို နောက်ဆုံး အနိုင်ရပြီးတဲ့နောက် အခု ၂၀၁၆ ကိုပါအမေရိကဖလားမှာ ပြန်လည်  အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလ်အသင်းကတော့ နေမာမပါဝင်တဲ့ အကျိုးရလဒ်ကို သိသိသာသာခံစားခဲ့ရပြီး ဦးဆောင်နိုင်စွမ်း ရှိတဲ့
ကစားသမားမရှိတာကြောင့် အခုလို အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။

ဘရာဇီးလ်အသင်းကတော့ အုပ်စု B မှာ ပီရူးအသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့နောက် တတိယနေရာကနေ အိမ်ပြန်ခဲ့ရတာဖြစ်ပြီး ပီရူးအသင်းကတော့ ကိုလံဘီယာအသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ကစားရဖွယ်ရှိနေပါတယ်။ အမေရိကန် ၊ အာဂျင်တီးနား ၊ ကိုလံဘီယာ ၊ မက္ကဆီကို ၊ ဗင်နီဇွဲလား ၊ ပီရူးနဲ့ အီကွေဒေါစတဲ့ အသင်းတွေကတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : ESPN


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment