Powered by Blogger.

မန်ယူအသင်းက ဗာရတ်တီကို ပေါင် ၇၉ သန်းဖြင့်ခေါ်ယူရန် ကြိုးပမ်းနေ



မန်ယူအသင်းကတော့ ဒဏ်ရာပြဿနာကြောင့် ယူရိုပြိုင်ပွဲကြီးကို လွဲချော်ခဲ့တဲ့ အီတလီကွင်းလယ်လူ ဗာရတ်တီကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒီကစားသမားဟာဆိုရင်တော့ မန်ယူအသင်းကို ရောက်ရှိလုနီးပါးဖြစ်နေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ ပီအက်စ်ဂျီအသင်းမှာ အတူတူ တွဲကစားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းရဲ့ လေးရာသီဆက် လီဂူး ၁ ချန်ပီယံဖြစ်မြောက်ခဲ့မှုမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့ပြီး အီဘရာဟီမိုဗစ်နဲ့ အရမ်းရင်းနှီးတဲ့ အသင်းဖော်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဗာရတ်တီကတော့ လောလောဆယ်မှာ မန်နေဂျာဖြစ်သူနဲ့ အတူ အနားယူလျက်ရှိနေပါတယ်။

သူ့ကိုတော့ မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇၉ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ဈေးကတော့ မတန်တဆဖြစ်နေတယ်လို့ သုံးသပ်ရမှာပါ။

ပီအက်စ်ဂျီကတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်မရှိဘဲ အသင်းပိုင်ရှင် အယ်လ်ခီလီဖိုင်ကတော့ ဗာရတ်တီကို ရောင်းချရလောက်အောင် ငွေမလိုသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းကတော့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ အထိ အသုံးပြုသွားမယ်လို့ ဆိုပေမယ့်လည်း လောလောဆယ်မှာတော့ ဗီလာရီးရဲလ်နောက်ခံလူ ဘိုင်လီကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူမှုသာရှိထားသေးပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment