Powered by Blogger.

ပါယက်ကို ဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့ ဝက်စ်ဟမ်း


ဝက်စ်ဟမ်းအသင်းကတော့ သူတို့ရဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်လူ ပါယက် (Payet) ကို  ဘယ်ဈေးပေးပေးရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုရက်ပိုင်းမှာ  ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာတဲ့ ဒီမီထရီပါယက်ကို ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရတော့မယ့် နည်းပြ ကွန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ ဘောလုံးကင်းထောက်တွေကို ပါယက်ရဲ့ ခြေစွမ်းနဲ့ အခြေအနေကိုစောင့်ကြည့်ခိုင်းထားပြီး ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ လှပလွန်းတဲ့ ဂိုးကြောင့် အသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ပါယက်တစ်ယောက်ပိုခံလာရတာဖြစ်တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ပါယက်နဲ့အတူ ပရီးမီးယားလိဂ် အိပ်မက်ဆိုးကို ဖြတ်ကျော်သွားချင်နေပြီး ဝက်စ်ဟမ်းအသင်းကလည်း သူတို့ရဲ့ ကစားသမားကို ဈေးပေါပေါနဲ့ရောင်းချဖွယ်မရှိဘူးလို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဒီလို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၁၀ ဝန်းကျင်နဲ့ ပြင်သစ်ကလပ် မာဆေးလ်အသင်းကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကမှ တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ နဲ့ စာချုပ်သက်တမ်း ငါးနှစ် တိုးထားခဲ့တာပါ။

ဒါ့ကြောင့် ၂၀၂၁ ခုနှစ်အထိ ဝက်စ်ဟမ်းအသင်းမှာ ရှိနေမယ့် ပါယက်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေ အနေနဲ့ လက်လျှော့သင့်ပြီလို့ ဝက်စ်ဟမ်း သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ ဒီနှစ်နွေအပြောင်းအရွှေ့မှာ တိုက်စစ်အင်အားဖြည့်ဖို့ကို အလိုရှိနေပြီး လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး လာကတ်ဇိဒ် (Lacazette) ကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ချဉ်းကပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဒီကစားသမားကို ပေါင် ၃၂ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အခုလိုမျိုးပဲ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ထပ်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ တိုက်စစ်မှူးအဖြစ် လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီကိုလည်း စောင့်ကြည့်လျက်ရှိနေပြီး ကွင်းလယ်လူအနေနဲ့ အာဆင်နယ်ကွင်းလယ်လူ ဝဲလ်ကော့ကိုလည်း စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။

( Paing A K )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)


Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment