Powered by Blogger.

လီဝန်ဒေါစကီးက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ လေသံပစ်လာ


ပိုလန်လက်ရွေးစင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ လက်ရှိကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားရတာ အဆင်မပြေဖြစ်နေတာကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စကား ဟ လာတယ်လို့ သိရပါတယ်။

ဒီကစားသမားကတော့ ဒေါ့မွန်အသင်းမှာ ကစားစဉ်က မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ဆက်တိုက်လက်ခံခဲ့ရသူဖြစ်ပြီး သူကိုယ်တိုင် ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာဆိုရင်တော့ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့လည်း အားသန်လျက်ရှိနေပါတယ်။ ငယ်စဉ်တည်းက လီဗာပူးလ်အသင်းကို အားပေးခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ်က သူကစားချင်လာတဲ့ ဘောလုံးရပ်ဝန်းတစ်ခုဖြစ်လာခဲ့တာပါ။

ဘွန်ဒက်စ်လီဂါ၅၇ ပွဲကစားပြီး ၄၇ ဂိုး သွင်းယူထားတဲ့ လီဝန်ဒေါစကီးဟာဆိုရှုတော့ ဘာဗေးရီးယန်တွေအတွက် အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်နေပြီး ယူရိုပြိုင်ပွဲမှာ ကစားရမယ့်  ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း ပိုလန်အသင်းအတွက် ဂိုးသွင်းယူပေးချင်နေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်ကို မျက်စပစ်လာတဲ့ လီဝန်ဒေါစကီးကိုတော့ လောလောဆယ်မှာ ပရီးမီးယားလိဂ်အသင်းတွေက ကမ်းလှမ်းမှုတွေ သိပ်ပြီး မပြုလုပ်သေးပေမယ့်လည်း သူ့ရဲ့ တန်ကြေးကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက အနည်းဆုံးပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။


Mocha

#sports.thithtoolwin.com


Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment