Powered by Blogger.

ဗြိတိန်ဒါဘီမှာ နောက်ကျဂိုးနဲ့ အရေးကြီးသုံးမှတ်ရယူနိုင်ခဲ့တဲ့ အင်္ဂလန်


မနေ့ညက ကစားခဲ့တဲ့ ဗြိတိန်ဒါဘီလို့ဆိုရမယ့် အင်္ဂလန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ရဲ့ ယူရို ၂၀၁၆ အုပ်စု B ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းက လူစားဝင်တိုက်စစ်မှူး စတာရစ်ခ်ျရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ဝေးလ်စ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဦးဆောင်ဂိုးပေးလိုက်ရပြီး ပြန်လည် ဖိကစားနိုင်ခဲ့ပေမယ့် ကစားသမားတွေက ဂိုးရလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။


အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်ကတော့ ချေပဂိုးရရှိနိုင်ဖို့အတွက် တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျေမီဗာဒီနဲ့ စတာရစ်ခ်ျတို့ကို လူစားသွင်းကစားခဲ့ပြီး သူ့ရဲ့ လူစားလဲမှုတွေက မှန်ကန်ခဲ့တာကြောင့် အင်္ဂလန်အသင်းအခုလိုမျိုး အုပ်စု B ရဲ့ ထိပ်ဆုံးမှာ ရပ်တည်သွားနိုင်တာဖြစ်ပါတယ်။ ဗာဒီကတော့ လူစားဝင်လာခဲ့ပြီး ဆယ်မိနစ်မှာတင်ပဲ ဝေးလ်စ်နောက်တန်း ရှင်းထုတ်မှု မသေသပ်တာကနေ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ဒီပွဲမနိုင်ရင် အုပ်စုတက်ဖို့ ရုန်းကန်ရနိုင်တဲ့ အင်္ဂလန်အသင်းကတော့ အနိုင်သုံးမှတ်အတွက်ကို ပစ်မှတ်ထားကစားသွားခဲ့ပြီး ပွဲချိန်မိနစ်ကိုးဆယ်ပြည့်လို့ နာကျင်အချိန်ပိုမှာမှ စတာရစ်ခ်ျက စတာလင်းနဲ့ အတွဲအဖက်ကနေတစ်ဆင့် အနိုင်ဂိုးကို ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝေးလ်စ်အသင်းခေါင်းဆောင် ဘေးလ်ကတော့ “ရလဒ်ကို အရမ်းစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ကစားနိုင်သလောက် ပေးဆပ်ကစားခဲ့တာပါ  ” လို့ ပြောကြားခဲ့ပါတယ်။

ဝေးလ်စ်အသင်းနည်းပြ ခရစ်ကိုးမန်းကတော့ တစ်မှတ်ရခဲ့ရင် အရမ်းကို ပျော်ရွှင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ဒီပွဲမှာ တိုက်စစ်အားကောင်းခဲ့ပေမယ့်လည်း အဖျားရှူးရှူးသွားတာကြောင့် ပထမပိုင်းမှာ ပရိသတ်တွေအားမရခဲ့ပါဘူး။ လယ်လာနာရဲ့ ဖြတ်တင်ဘောကို စတာလင်းအပိုင်ပိတ်ရပေမယ့်လည်း ဂိုးမရတာကလွဲရင် ဂိုးပေါက်နီးစပ်တာ သိပ်မရှိခဲ့ပါဘူး။

အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကတော့ ဂါရတ်ဘေးလ်ရဲ့ ပြစ်ဒဏ်ဘောကို အလွယ်တကူ ကာကွယ်နိုင်မယ့် အနေအထားမှာရှိခဲ့ပေမယ့်လည်း ပျာယာခတ်သလိုဖြစ်နေခဲ့တာကြောင့် စောစောစီးစီးဂိုးပေးလိုက်ရတယ်လို့ပဲ မြင်ပါတယ်။

Mocha

#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment