Powered by Blogger.

ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အတွက် ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ ပီအက်စ်ဂျီအသင်းတို့ နှုတ်ဖြင့်သဘောတူညီမှုရရှိထားပြီဟု The Sun ဖော်ပြ


ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့်ခ်ျမန်ဒက်စ်ဟာဆိုရင်တော့ ရော်နယ်ဒိုရဲ့ အနာဂတ်အပြောင်းအရွှေ့ ကိစ္စအတွက် ပီအက်စ်ဂျီအသင်းနဲ့  နှုတ်အားနဲ့ ကြိုတင်သဘောတူညီမှုရရှိထားပြီဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပဲရစ်သားတွေရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ဟာ လာမယ့်ရာသီမှာ အသင်းကနေ အမှန်တကယ်ထွက်ခွာဖွယ်ရှိနေခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့နေရာမှာ အစားထိုးနိုင်မယ့် အဓိက ကစားသမားတစ်ယောက်ကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေဟာ အသင်းကို ဥရောပတစ်ခွင်မှာပါ အောင်မြင်မှုရရှိနိုင်ဖို့ ရည်မှန်းထားပြီး ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကနေ လေးနှစ်ဆက်ထွက်ခွာခဲ့ရတာကို မကျေနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဥရောပအဆင့်မှာ အကောင်းဆုံးကစားသမားတွေဖြစ်ကြတဲ့ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးနေမာတို့ကို ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းက ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ဒီလိုသတင်းတွေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ သွားရောက်ဆွေးနွေးခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ မြို့တော်ကို မက်ဒရစ်နဲ့ အစားထိုးဖို့ ရော်နယ်ဒိုကို တိုက်တွန်းထားတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ စပိန်မြေမှာ ခုနစ်ရာသီကြာ ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ ချန်ပီယံလိဂ်အပါအဝင် တစ်ခြားသောဆုဖလားပေါင်းများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ရာအူးလ်ကို ကျော်ဖြတ်ပြီး စံချိန်တင်ထားနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်ပေမယ့်လည်း အကောင်းဆုံးကစားနိုင်နေသေးတာကြောင့် ရော်နယ်ဒိုကို အသင်းပေါင်းများစွာက စောင့်ကြည့်လျက်ရှိနေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးနေမာကိုလည်း အမြင့်ဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment