Powered by Blogger.

ဆန်းဒါးလန်း ပရီးမီးယားလိဂ်မှာတင်ကျန်ခဲ့ပြီး နယူးကာဆယ် ၊ နောဝစ်ခ်ျနှင့် ဗီလာတို့တန်းဆင်းသွား



မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာတော့ ဆန်းဒါးလန်းအသင်းက အဲဗာတန်အသင်းကို သုံးဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး တန်းဆင်းဇုန် အန္တရာယ်ကနေ အလွတ်ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းရဲ့ အနိုင်ကြောင့် တစ်ဆက်တည်းမှာပဲ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ တစ်ခြားအသင်းတွေဖြစ်ကြတဲ့ နယူးကာဆယ်အသင်းနဲ့ နောဝစ်ခ်ျအသင်းတို့ကတော့ ကစားဖို့ တစ်ပွဲသာကျန်တော့ချိန်မှာ ဆန်းဒါးလန်းအသင်းနဲ့ လေးမှတ်အထိကွာဟသွားခဲ့တာကြောင့် တန်းဆင်းဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းကတော့ အိမ်ကွင်း The Light မှာ အဲဗာတန်အသင်းကို ဗန်အန်းဟော့လ်တ် ၊ လာမင်းကိုနေးတို့ရဲ့ ဂိုးတွေနဲ့ သုံးဂိုးပြတ်အနိုင်ယူခဲ့တာပါ။



ယခင်ရာသီတုန်းကတော့ အခုလိုတန်းဆင်းဇုန် အန္တရာယ်ကနေ အကောင်းဆုံးရုန်းထွက်ပြနိုင်ခဲ့တဲ့ နည်းပြကတော့ လက်စတာအသင်းရဲ့ နည်းပြဖြစ်တဲ့ ရာနီရေးရီဖြစ်ပြီး ဒီရာသီမှာတော့ ဆန်းဒါးလန်းအသင်းရဲ့ နည်းပြ ဆမ်အလာဒိုက်စ်က အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို အကောင်းဆုံးအားဖြည့်မှုတွေ ပြုလုပ်ခဲ့ပြီး ရာသီပိတ်ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းလို အသင်းကြီးတွေကို အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး အခုလို ပွဲစဉ် ၃၇ ပွဲကျန်မှာလည်း အဲဗာတန်အသင်းကို အနိုင်ကစားနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။





နယူးကာဆယ်အသင်းကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ တောင်ဆန်နဲ့ ရှယ်လ်ဗီတို့လို ကစားသမားကောင်းတွေကို အားဖြည့်မှုတွေပြုလုပ်ခဲ့ပေမယ့်လည်း အသင်းလိုက် စည်းလုံးမှုပျက်ပြားနေခဲ့တာကြောင့် အခုလို တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ဒီလို တန်းဆင်းသွားရတာကြောင့် နယူးကာဆယ်အသင်းပိုင်ရှင် မိုက်ခ်အက်ရှ်လေဟာ ပေါင်သန်း ၂၀၀ လောက်အထိ ဆုံးရှုံးရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

အက်စတွန်ဗီလာအသင်းကလည်း ပွဲစဉ်မကုန်မီတည်းက တန်းဆင်းခဲ့ပြီဖြစ်ပြီး မန်ယူအသင်းနဲ့ ပွဲကျန်ပွဲစဉ်မှာ တစ်ဂိုးဂိုးမရှိနဲ့ အရှုံးပေးခဲ့ရတဲ့ နောဝစ်ခ်ျအသင်းကလည်း ကစားဖို့ တစ်ပွဲသာကျန်တော့ချိန်မှာ ဆန်းဒါးလန်းအသင်းနဲ့ လေးမှတ်အထိ ကွာဟသွားခဲ့တာကြောင့် တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment